သြစတြေးလျနေ့ ပွဲတော်အတွင်း လေယာဉ်တစီး မြစ်ထဲပျက်ကျ (ရုပ်သံ)

သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှာ ကျင်းပတဲ့ သြစတြေးလျနေ့ အထိမ်းအမှတ် ပွဲတော်အတွင်း လေယာဉ်အသေးတစီး ဇန်န၀ါရီ ၂၆ ရက်နေ့က စွမ်းမြစ်ထဲ ပျက်ကျခဲ့လို့ လေယာဉ်မှူးနဲ့ လေယာဉ်ပေါ်ပါတဲ့ ခရီးသည်တဦး သေဆုံးပါတယ်။ နှစ်စဉ်ကျင်းပနေကျ ကောင်းကင်မှာ လေယာဉ်အလှ ပျံသန်းပွဲကို ထောင်နဲ့ချီတဲ့ လူတွေ စုရုံး ကြည့်ရှုခဲ့တာပါ။ မျက်မြင်သက်သေ ပရိသတ်တဦးက “လေယာဉ်က သိပ်ကို မတ်မတ် ထိုးစိုက် ပျံလာတယ်၊ ဘယ်ဘက်ကို စောင်းလွန်းခဲ့တယ်၊ ဒါကြောင့် ဘယ်တောင်ပံက ရေနဲ့ရိုက်မိပြီး ထက်ပိုင်းကျိုးခဲ့တာ” လို့ ပြောပါတယ်။ သေဆုံးသူ ၂ ဦးကို လေးစားတဲ့ အနေနဲ့ မီးရှူးမီးပန်း ပစ်ဖောက်မှုကို ပွဲစီစဉ်သူတွေက ဖျက်သိမ်းခဲ့ပါတယ်။ ရေထဲက လေယာဉ်ကို မြန်နိုင်သမျှ အမြန်ဆုံး ဆွဲထုတ်ပြီး ဒီအမှုကို စုံစမ်းစစ်ဆေးမယ်လို့ ရဲကော်မရှင်နာမင်းကြီး စတီဖှင် ဘရောင်းက ပြောပါတယ်။ အရေးပေါ်ဌာနက လူတွေ အခင်းဖြစ်ရာကို ချက်ချင်း မိနစ်ပိုင်းအတွင်း ရောက်လာပေမယ့် လူ ၂ ဦးကို မကယ်နိုင်ခဲ့ဘူးလို့ ရဲက ဆိုပါတယ်။ ရုပ်သံ - skynews

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up