ရေစီးထဲမျောပါတော့မည့် ခွေးကလေးကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့သည့် အဖော်ခွေးကလေး (ရုပ်သံ)

မြစ်ပြင်ရေစီးကြမ်းကြမ်းထဲကို မျောပါတော့မယ့်ဆဲဆဲ ဖြစ်နေခဲ့တဲ့ ခွေးကလေးရဲ့ အသက်ကို သက်စွန့်ဆံဖျားကယ်တင်ခဲ့တဲ့ အဖော်ခွေးကလေးတကောင်ရဲ့ ရုပ်သံဗွီဒီယို ဖိုင်ဟာ လတ်တလောအင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အာဂျင်တီးနားနိုင်ငံ၊ ကော်ဒိုဗာမြို့မှ ရေစီးသန်တဲ့ မြစ်တခုအနီးမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အနက်ရောင် လက်ဘရေဒေါ (Labrador) အမျိုးအစား ခွေးကလေးဟာ သခင်ဖြစ်သူ အမျိုးသားတဦးနဲ့အတူ မြစ်ကမ်းဘေးမှာ ရှိနေခဲ့တာဖြစ်ပြီး သခင်က တုတ်တချောင်းကို လွှဲပစ်လိုက်ချိန်မှာ သူက လိုက်ဖမ်းဖို့ ကြိုးစားခဲ့တာပါ။ သူဟာ ရေထဲကျသွားတဲ့တုတ်ကို ဖမ်းမိခဲ့ပေမယ့် ကံမကောင်းစွာပဲ မြစ်ရေစီးကြောင်းကြားထဲကို ပြုတ်ကျခဲ့ပြီး မျောပါတော့မလို ဖြစ်ခဲ့တာပါ။ အဲဒီအချိန်မှာ ကမ်းပေါ်မှ သူ့ရဲ့အဖော် အ၀ါရောင်ခွေးကလေးက သူ့ကို ကယ်တင်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ သူဟာ ရေထဲက ခွေးကလေးဆီမှ ကိုက်ချီထားတဲ့ တုတ်ချောင်းကို ပါးစပ်နဲ့ လှမ်းကိုက်ဆွဲယူပြီး ကမ်းပေါ်ကို ဆွဲတင်နိုင်ခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ရာဖဲလ် ဖရန့်ဆီယူလီ အမည်ရသူက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ယူကျုအင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သောင်း ၅ ထောင် ၉ ရာကျော်ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up