လက်ယာအစွန်းရောက်ဝါဒီများအား ဂျာမနီရဲတပ်ဖွဲ့ ဖမ်းဆီး

ဂျာမနီနိုင်ငံတ၀န်း လက်ယာအစွန်းရောက်ဝါဒီတွေကို ဂျာမနီရဲတပ်ဖွဲ့က ဇန်န၀ါရီ ၂၅ ရက်နေ့ လိုက်လံစီးနင်းဖမ်းဆီးမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီလက်ယာစွန်းဝါဒီတွေဟာ ဂျာမနီလုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ ဂျာမနီနိုင်ငံက ဒုက္ခသည်တွေနဲ့ ဂျူးလူမျိုးတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရပြီး ဂျာမနီရဲတပ်ဖွဲ့က အခုလို ၀င်ရောက်စီးနင်းခဲ့ကြတယ်လို့ ဂျာမနီအစိုးရရှေ့နေတွေကပြောဆိုပါတယ်။ ဂျာမနီလုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀ လောက်ပါဝင်ခဲ့ကြပြီး ဂျာမနီလက်ယာစွန်းဂိုဏ်းတဂိုဏ်းကို တည်ထောင်သူလို့ စွပ်စွဲခံရသူ ၆ ဦးကို နေရာ ၁၀ နေရာထက်မနည်းမှာ ရှာဖွေဖမ်းဆီးခဲ့တယ်လို့ အစိုးရရှေ့နေရုံးကပြောဆိုပါတယ်။ ဒီဂိုဏ်းဝင်တွေကို စစ်လက်နက်ပစ္စည်းတွေ အပါအ၀င် ကူညီထောက်ပံ့ပေးသူလို့ ယုံကြည်ရသူ တဦးကိုလည်း ဂျာမနီရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up