Home
မြန်မာသတင်း
ဗြိတိန်နှင့် မြန်မာလွှတ်တော် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေး
DVB
·
January 26, 2017
ဗြိတိန်နိုင်ငံမှာ ချစ်ကြည်ရေး ခရီးရောက်ရှိနေတဲ့  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဟာ ဇန်နဝါရီ ၂၄ ရက်က ဗြိတိန်နိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘာကောင်းနဲ့  အောက်လွှတ်တော်ဥက္ကဋ္ဌရုံး ဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံရာမှာ နှစ်နိုင်ငံလွှတ်တော်တွေအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လွှတ်တော်တွေရဲ့  ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေနဲ့  ဥပဒေပြုရေးကိစ္စရပ်တွေ  အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ပြည်သူ့လွှတ်တော်က သတင်းထုတ်ပြန်ပါတယ်။ ဦးဝင်းမြင့် ခေါင်းဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘာကောင်းရဲ့ဖိတ်ကြားချက်အရ ဇန်န၀ါရီ ၂၁ရက်နေ့ကတည်းက  ဗြိတိန်နိုင်ငံမှာ ရောက်နေတာဖြစ်ပြီး  လွှတ်တော်ရေးရာ ကော်မတီဝင်ဦးစော၊ ဦးဇော်ဝင်း၊ ဦးစိုင်းစန်သိန်း၊ ဒေါက်တာ ဒေါ်ရွှေပုံတို့လည်း လိုက်ပါသွားပါတယ်။ လွှတ်တော်အစည်းအဝေးတွေရပ်နားထားချိန်မှာ ခုလို ဗြိတိန်လွှတ်တော်ကို လေ့လာရေး ခရီးသွားရောက်နေတာဖြစ်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွေ ကတော့  ဒီလကုန် ဇန်န၀ါရီ ၃၀ ရက်မှ ပြန်စတင်ဖို့ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024