Home
မြန်မာသတင်း
ကန်ပိုက်တီးတွင် မီးလောင်၊ တရုတ်ဘက်က မီးသတ်ကား လာရောက်ငြိမ်းသတ် (ရုပ်သံ)
နန်းမြနဒီ
·
January 26, 2017
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ကန်ပိုင်တီမြို့နယ်ခွဲမှာ မနေ့ည ၈ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ်အဆောက်အဦ ၅ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ နေအိမ်တစ်လုံးရဲ့ မီးကြွင်းမီးကျန်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အနီးနားဝန်းကျင် အိမ်တွေ ကူးစက်လောင်းကျွမ်းခဲ့တယ်လို့ ကချင်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးစိုးဝင်းက ဒီဗွီဘီကို ပြောပါတယ်။ “အကြောင်းရင်းကတော့ မီးဖိုမီးကြွင်းမီးကျန်ကနေစဖြစ်တာပါ။ ဦးတန်ဖော်ထူးရဲ့ နေအိမ် မီးကြွင်း မီးကျန်က ဖြစ်ပါတယ်ခင်ဗျ။ ည ၁၀ နာရီ ၁၅ မိနစ်မှာ မီးငြှိမ်းနိုင်ခဲ့တယ်။ ပျက်စီးဆုံးရှုံးတာကတော့ လူနေအိမ် ၃ လုံး၊ စားသောက်ဆိုင် ၁ ဆိုင် နဲ့ ဆိုင်ခန်း ၁ ခန်း ပျက်စီးဆုံးရှုံးတယ်။ ဆုံးရှုံးမှုတန်ဖိုးကို ဌာနက ကျပ်သိန်း ၂၀၀ ခန့်မှန်းပါတယ်။ လူနဲ့ တရိစ္ဆာန် သေဆုံးဒဏ်ရာရတာ မရှိဘူး။ အဲဒီမြို့မှာ မီးသတ်ကားမရှိဘူး၊ မိုင် ၇၀ လောက်ဝေးတဲ့ ၀ိုင်းမော်မှာပဲ ရှိတယ်။ သတင်းရရချင်း ၀ိုင်းမော်က မီးသတ်ကားတွေ သွားမလို့ လုပ်တော့ ဟိုဘက် အုပ်ချုပ်ရေးမှူးက ထပ်အကြောင်းကြားလာတယ်။ မီးရှိန်ထိန်းလို့ရပြီလို့၊ သူက တရုတ်နယ်စပ်နဲ့နီးတော့ တရုတ်နိုင်ငံ ဘက်က မီးသတ်ကားတစ်စီးပါ ဒေသခံတွေနဲ့ အတူတူ လာကူငြိမ်းပေးတယ်လို့ ပြောတယ်။” ကန်ပိုင်တီးမြို့ဟာ ဦးဇခုန်​တိန့်​ယိန်း ခေါင်းဆောင်တဲ့ ကချင်ပြည်​သူ့စစ်​တွေ ထိန်းချုပ်​ရာနယ်​​မြေဖြစ်ပြီး တရုတ်နယ်စပ် ရောင်ဝယ်ဖောက်ကားတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024