Home
မြန်မာသတင်း
ဟိုပင်မြို့နယ်တွင် ဆင်ဦးစီး ၁ ဦးကို ဆင်နှာမောင်းဖြင့် ဖိသတ်
DVB
·
January 26, 2017
ဟိုပင်မြို့နယ်မှာ ဇန်န၀ါရီ ၂၄ ၇က်နေ့က  ဆင်ဦးစီးတဦးကို ဆင်နှာမောင်းနဲ့ ဖိသတ်မိတဲ့အတွက် သေဆုံးခဲ့ပါတယ်။ ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့ ၇ မိုင်ကျေးရွာအုပ်စုမှာ ဇန်နဝါရီ ၂၄ ရက် မနက် ၆ နာရီအချိန်မှာ ဆင်ဦးစီးတဦးဆင်နှိပ်ခံရပြီး သေဆုံးခဲ့တဲ့အတွက် အခင်းဖြစ်နေရာသို့ ဟိုပင်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ထိန်လင်းနဲ့အဖွဲ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။ သေဆုံးသူ ဆင်ဦးစီး ဦးညှိနဲ့အတူ အလုပ်လုပ်တဲ့ မျိုးထွန်းရဲ့ပြောပြချက်အရ ဦးညိုဟာ ထင်းဆွဲဖို့ အရပ် ၇ ပေကျော်မြင့်ပြီး လုံးပတ် ၁၀ ပေလောက်ရှိတဲ့ သားငယ်လေးအမည်ရှိ ဆင်ပေါ်သို့တက်စဉ် ဆင်သိုင်းကြိုးမှာ ဝက်ဆီလူးထားတာကြောင့် ဦးညိုက လျောကျတဲ့အတွက် ဆင်လန့်ပြီး နှာမောင်းနဲ့ ဖိနှိပ်ခဲ့လို့ ရင်ဘတ်ရှေ့ ညှပ်ရိုးကျိုး ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။ ဟိုပင်ဆေးရိုပို့ဆောင်စဉ် နေ့လယ် ၁၂ နာရီအချိန် လမ်းတွင်သေဆုံးသွားတဲ့အတွက် ဟိုပင်ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၇ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024