Home
မြန်မာသတင်း
ကလေးမြို့တွင် ခရစ်ယာန် ဘုရားကျောင်း ရုံးခန်း မီးလောင်
DVB
·
January 25, 2017
ဒီနေ့ နေ့လယ် ၃ နာရီခွဲလောက်က ကလေးမြို့ အနောက်ဘက် စမ်းမြို့ရပ်ကွက်မှာ ရှိတဲ့ မြန်မာပြည် လွတ်လပ်သော ဧလိမ်း အသင်းတော်ရဲ့ ရုံးခန်း မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ "လောင်တဲ့အချိန်က ၁၅ မိနစ်လောက်လို့ ထင်တယ်။ မီးက ကြောက်စရာကောင်းတယ်။ ဘေးက အိမ်တွေက တိုက်အိမ်တွေမို့ မကူးတာ။ နောက်ပြီး မီးသတ်ကားလည်း ရောက်တာမြန်လို့ ဘေးအိမ်တွေ မကူးတာ"လို့ အဲ့ဒီ မီးလောင်တဲ့ နေရာ အနီးနေသူ တယောက်က ပြောပါတယ်။ မီးလောင်ချိန် ၁၀ မိနစ်ကျော် ကြာမြင့်ခဲ့ပြီး သုံးပင် ငါးပင် သွပ်မိုး ပျဉ်ကာ အဆောက်အအုံ တန်ဘိုး ၇ သိန်းကျော် ဆုံးရှုံးခဲ့ပြီး ဘာသာရေးဆိုင်ရာ စာရွက်စာတမ်းတွေ မီလောင်ခံခဲ့ရပါတယ်။ မီးလောင်စဉ် ရုံးခန်းမှာ လူတယောက်မှ ရှိမနေဘူးလို့လည်း သိရပါတယ်။ "မီးလောင်တာကတော့ အဓိက မီးစက်က ဆိငလာက လျှပ်စစ်မီးက လို့ ငြင်းစရာ ဖြစ်နေတယ်။ ဒါပေမယ့် ဖြစ်နိုင်ဆုံးကတော့ အင်ဗာတာ အပူလွန်ကဲရာကနေ ဖြစ်တာလို့ ခန့်မှန်းရတယ်" လို့ ခရိုင်မီးသတ် ဦးစီးမှူးအောင်ကိုဌေးက ပြောပါတယ်။ ယခု မီးလောင်မှုဟာ ၂၀၁၇ ခုနှစ်ရဲ့ ပထမဆုံး မီးလောင်မှု ဖြစ်ပြီး ၂၀၁၆ ခုနှစ်အနေနဲ့ ကလေးမြို့မှာ ၉ ကြိမ်ထိ ရှိခဲ့တယ်လို့ မီးသတ်ဌာန မှတ်တမ်းအရ သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024