အိုးထရက်ဖို့ဒ်ကို ပရိသတ် ၈၈၀၀၀ ဆံ့ကွင်းကြီးအဖြစ် မန်ယူက တိုးချဲ့မည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ဒ် ကွင်းကြီးကို ပရိသတ် ၈၈၀၀၀ ဆံ့ ကွင်းကြီးအဖြစ် တိုးချဲ့ပြီး ဥရောပရဲ့ ဒုတိယအကြီး ဆုံးကလပ်အသင်းပိုင်ကွင်းအဖြစ် စတင်ရေးဆွဲနေပြီလို့ ဒေးလီးမေးလ်မှာ ဖော်ပြပါတယ်။ လက်ရှိ ပရိသတ် ၇၆၀၀၀ ဆံ့တဲ့ကွင်းကို ခုံ ၁ သောင်း ၂ ထောင်ထပ်တိုးပြီး ဥရောပရဲ့ ဒုတိယအကြီးဆုံးကွင်းအဖြစ် မြှင့်တင်ဖို့ပြင်ဆင်နေတာပါ။ ဥရောပမှာ ပရိသတ်အများဆုံးဝင်ဆံ့တဲ့ ကွင်းကတော့ ဘာစီလိုနာအသင်းပိုင်တဲ့ နူးကမ့်ကွင်းဖြစ်ပြီး ပရိသတ် ၉၉၃၅၄ ဦး ၀င်ဆံ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပရိသတ် ၈၈၀၀၀ ၀င်ဆံ့တဲ့ကွင်းအဖြစ် တည်ဆောက်ပြီးရင် ရီးရဲမက်ဒရစ်အသင်းရဲ့ ပရိသတ် ၈၅၄၅၄ ဦး ၀င်ဆံ့တဲ့ အရေအတွက်ကို ကျော်သွားမှာ ဖြစ်ပါတယ်။ ဥရောပရဲ့ နောက်ထပ်ဒုတိယအကြီးဆုံးကွင်းတကွင်းကတော့ အင်္ဂလန်နိုင်ငံက ၀င်ဘလေကွင်းဖြစ်ပြီး ပရိသတ် ၉ သောင်း ၀င်ဆံ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up