အီတလီတွင် ဆီးနှင်းကြောင့် ဟိုတယ်ပြိုကျမှုအတွင်း သေဆုံးသူ ၁၄ ဦးရှိပြီ

အီတလီနိုင်ငံအလယ်ပိုင်း ဆီးနှင်းထူထပ်မှုကြောင့် ဟိုတယ်ပြိုကျမှုအတွင်း သေဆုံးသူ အရေအတွက် ၁၄ ဦးအထိ မြင့်တက်သွားပါတယ်။ ဇန်နဝါရီ ၂၂ ရက်အထိ သေဆုံးသူ ၆ ဦးပဲ ရှိခဲ့ပြီး ၉ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ အပျက်အစီးနဲ့ နှင်းထုအောက်မှာ လူ ၂၃ ဦး ပိတ်မိနေဆဲဖြစ်တာမို့ သူတို့အားလုံးကို အသက်ရှင်လျက် ကယ်တင်နိုင်ဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက အေးခဲတဲ့ ရာသီဥတုအောက်မှာ ၂၄ နာရီလုံးလုံး နေ့ရောညပါ မရပ်မနား ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ ၂၄ ရက်မှာတော့ ကံမကောင်းစွာနဲ့ဘဲ သေဆုံးသူအရေအတွက် ထပ်တိုးခဲ့ပြီး ၁၄ ဦးအထိ မြင့်တက်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ် ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းက ဆီးနှင်းတောင်ပေါ်က ရေခဲထု တန် ၁၂၀၀၀၀ လောက် ဟိုတယ်ပေါ် ၁ နာရီ ကီလိုမီတာ ၁၀၀ နှုန်းနဲ့ ပြိုကျဖုံးအုပ်ခဲ့တာ ဖြစ်ပါတယ်။ ရာသီဥတု အတော့်ကိုဆိုးရွားနေတဲ့အတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း နှောင့်နှေးခဲ့ရကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up