မိကျောင်း ၃ ကောင်နှင့် ကျားသစ် ၁ ကောင်ရဲ့ ကြောက်မက်ဖွယ်တိုက်ပွဲ (ရုပ်သံ)

ရန်သူရဲ့ အုပ်စုဖွဲ့တိုက်ခိုက်မှုမှာ ချောင်ပိတ်မိနေခဲ့တဲ့အချိန်ဟာ တကယ့်ကို ကူကယ်ရာမဲ့ အချိန်တခုပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မိကျောင်း ၃ ကောင်ရဲ့ အုပ်စုဖွဲ့တိုက်ခိုက်မှုကြား ပိတ်မိနေခဲ့ရတဲ့ ကျားသစ်တကောင်ရဲ့ သွေးသံရဲရဲ အခြေအနေကို မြင်တွေ့ရမှာပါ။ အဲဒီကျားသစ်ဟာ ရေစပ်အနီး မြစ်လက်တက်တခုကြားမှာ ပိတ်မိနေခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ မိကျောင်းတွေက သူ့အနားကို တိုက်ခိုက်ဖို့ ချဉ်းကပ်လာခဲ့ကြတာကို တွေ့ရပါတယ်။ ကျားသစ်ဆီ သစ်တုံးကြီးတွေလို တည်ငြိမ်တဲ့ပုံစံနဲ့ သွေးအေးအေး ချဉ်းကပ်လာခဲ့တဲ့ မိကျောင်းကြီးတွေဟာ အစွမ်းကုန် ရက်စက်တော့မယ့် ပုံပါပဲ။ အဲဒီအချိန်မှာ ကျားသစ်ဟာ ဝေခွဲမရဘဲ နေမြဲအတိုင်းရှိနေခဲ့တာဖြစ်ပြီး အနီးနားရောက်လာတဲ့ မိကျောင်းတကောင်က သူ့ရဲ့လည်ပင်းကို ရုတ်တရက် ကိုက်ခဲပစ်လိုက်တာကို တွေ့ရပါတယ်။ သွေးတွေဟာ ရေထဲမှာ ဖြာဆင်းသွားခဲ့ပြီး နာကျင်မှုနဲ့ ရုန်းခါခဲ့ပေမယ့် တကောင်ပြီးတကောင် ကိုက်ခဲတိုက်ခိုက်ကြချိန်မှာတော့ ကျားသစ်ဟာ အရေးမလှခဲ့တော့ပါဘူး။ ရေထဲမှာ မိကျောင်းတွေနဲ့ လုံးထွေးသတ်ပုတ်ပြီး အချိန်အတန်ကြာချိန်မှာတော့ ကျားသစ်ဟာ ဒဏ်ရာတွေနဲ့ ဒယိမ်းဒယိုင် ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမယ့် မလွတ်မြောက်နိုင်တော့ဘဲ မိကျောင်းတွေရဲ့အစာ ဖြစ်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up