Thursday, June 8, 2023
HomeLead Storyကမ္ဘာတဝန်း ကြက်ငှက်တုပ်ကွေးရောဂါ အလေးထားစောင့်ကြည့်ရန် ဒဗလျူအိတ်ခ်ျအို သတိပေး

ကမ္ဘာတဝန်း ကြက်ငှက်တုပ်ကွေးရောဂါ အလေးထားစောင့်ကြည့်ရန် ဒဗလျူအိတ်ခ်ျအို သတိပေး

ကမ္ဘာတဝန်း ကြက်ငှက်တုပ်ကွေးရောဂါ ပြန်လည်ဖြစ်ပွားလာတဲ့အတွက် ဒီရောဂါကို အထူးအလေးထား စောင့်ကြည့်ဖို့ ကမ္ဘာ့နိုင်ငံတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိတ်ခ်ျအို) က ဇန်နဝါရီ ၂၃ ရက်နေ့က သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး နိုင်ငံပေါင်း ၄၀ လောက်မှာ ကြက်ငှက်တုပ်ကွေးကူးစက်မှု ပြန်လည်တွေ့ရှိနေရပြီး ကူးစက်နှုန်းမြန်ဆန်တယ်လို့ ဒဗလျူအိတ်ခ်ျအို ညွှန်ကြားရေးမှူးချုပ် မာဂရက်ချန်းက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြောဆိုပါတယ်။

အခုပြန်ဖြစ်လာတဲ့ H5N6 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်မျိုးကွဲ ၄ မျိုး ပေါင်းစပ်လာတဲ့ မျိုးစိတ်သစ်ဖြစ်ပြီး အာရှနိုင်ငံတွေမှာ အဓိက ကူးစက်ပြန့်ပွားတယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံမှာ H7N9 ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသူ ၁၀၀၀ လောက် ရှိခဲ့ပါတယ်။

အခုနောက်ဆုံး ပြန်လည်ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာလည်း လူကနေ လူကို မကူးစက်ဘူးလို့ ပြောလို့မရကြောင်း မာဂရက်ချန်းက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular