မုံရွာတွင် တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

မုံရွာမြို့ ဘူတာကြီးအနီးမှာ ဇန်နဝါရီ ၂၅ ရက် မနက် ၈ နာရီခွဲအချိန်က တရားမဝင် ပိတောက်ခွဲသားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ကြိုတင်သတင်းအရ မြို့မရဲစခန်းက သာစည်လမ်းမီးပွိုင့်မှာ ကားတစီးကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်မောင်း လှိုင်ဘွားနဲ့ ရဲအောင်တို့ မောင်းနှင်လာတဲ့ ပါဂျဲရိုးအမျိုးအစား ကားပေါ်မှာ ပိတောက်ခွဲသား ၃ တုံးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ အခုဖမ်းဆီးရမိမှုနဲ့ပတ်သက်လို့ မုံရွာမြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက် ရှိသလို ဒီဖမ်းဆီးရမိမှုဟာ ဒီလထဲမှာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up