Home
မြန်မာသတင်း
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ကြိုတင်ပြင်ဆင်
နန်းမြနဒီ
·
January 24, 2017
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့  ကြိုတင်ပြင်ဆင်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို  ရှမ်းနိုင်ငံရေး ၊ လက်နက်ကိုင်နဲ့ လူမှုအခြေပြုအဖွဲ့ပေါင်းစုံတို့ ပူးပေါင်းပြီး ရှမ်းပြည်နယ် တောင်ကြီး မှာ ဒီဇင်ဘာ ၂၃ ရက်မှ ၂၇ ရက်နေ့ထိ ၅ ရက်တာ ကျင်းပနေပါတယ်။ 16114748_377473179285832_4842901982439191843_nအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ ပြည်သူလူထုတွေရဲ့ သဘောဆန္ဒတွေ ပါဝင်အောင် ဆောင်ရွက်မှာဖြစ်လို့ ပြည်သူတွေကြား ကွင်းမဆင်းခင် လုပ်ငန်းတာဝန်တွေခွဲဝေပြီး  အလုပ်ရုံဆွေးနွေးပွဲကျင်းပတာလို့  ဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့၊ ရှမ်းပြည် ညီညွတ်ရေးကော်မတီ  CSSU  အတွင်းရေးမှူးချုပ် ဦးစိုင်းညွန့်လွင်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့က ပြည်သူလူထုထဲကို တတ်နိုင်သလောက် အနီးစပ်ဆုံး လူထုရဲ့ဆန္ဒတွေကို  ရအောင်ယူချင်တဲ့ ရည်ရွယ်ချက်ရှိပါတယ်။ အဲဒါကြောင့် စစ်ကိုင်းတိုင်းရယ်၊ မန္တလေးတိုင်းရယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် အားလုံးတိုင်းဒေသကြီး ၂ ခုရယ်  ပြည်နယ် ၃ ခုထဲက  မြို့နယ်ပေါင်း ၄၄ မြို့နယ်ကို ကျနော်တို့ကွင်းဆင်းဖို့အတွက် အဖွဲ့တွေဖွဲ့ပါတယ်။ အဲဒီ အဖွဲ့တွေက သူတို့သွားပြီး ဆွေးနွေးမယ့်ကိစ္စခေါင်းစဉ်နဲ့ ပတ်သက်လို့ ပိုပြီးတော့နားလည်အောင် အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပတာ” ဆွေးနွေးမယ့်ခေါင်းစဉ်တွေထဲမှာ ၂၁ ရာစုပင်လုံညီလာခံမှာ ထည့်သွင်းဆွေးနွေးမယ့်  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနဲ့သဘာဝသယံဇာတ စတဲ့အချက်တွေပါဝင်တယ်လို့ ဆိုပါတယ်။ ဒေသထဲကွင်ဆင်းတဲ့လုပ်ငန်းတွေကို ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မတိုင်ခင် ပြီးပြတ်ဖို့ လျာထားပြီး အဲဒီနောက် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ရှိနေပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ရှမ်းနိုင်ငံရေးပါတီ၊ ရှမ်းလက်နက်ကိုင်အဖွဲ့၊ ရှမ်းလူငယ်အဖွဲ့၊ ရှမ်းဥပဒေ ရေးရာအဖွဲ့နဲ့ အခြားလူမှုအဖွဲ့အစည်းတွေ အပါအ၀င် လူပေါင်း ၂၀၀ ကျော် တက်ရောက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024