ငလျင်သင့် ပုဂံစေတီပုထိုးများ ပြန်လည်ပြုပြင်ရန် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
DVB
·
January 24, 2017
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မနက်က ပုဂံရှေးဟောင်းပြတိုက်မှာ ငလျင်သင့် ရှေးဟောင်းစေတီပုထိုးတွေကို ပြုပြင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ပြီးနောက် မင်္ဂလာစေတီတော်နဲ့ စိုးမင်းကြီးစေတီတော် တို့ ပြန်လည်ပြုပြင်နေတာတွေကို သွားရောက် ဖူးမျှော်ကြည့်ရှုခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံလေယာဉ်ကွင်းကို မနက် ၈ နာရီ ၃၀ မိနစ်မှာ ရောက်ရှိခဲ့ပါတယ်။
ဓာတ်ပုံ - အောင်ဆန်းဦး