Home
မြန်မာသတင်း
ပုဂံဘုရားပေါ် နေ၀င်နေထွက်ကြည့်ရှုမှု နောင်တွင် ပိတ်ပင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
January 24, 2017
ပုဂံ​ဘုရား​တွေအ​ပေါ် တက်​​ရောက်​ပြီး ​နေဝင်​​နေထွက်​ ကြည့်​ရှု​နေမှု​တွေဟာ ​ရေရှည်​အတွက်​ မသင့်​​တော်​တဲ့အတွက်​ တ​ချိန်​မှာ ပိတ်​ပင်ရမယ်​လို့ နိုင်​ငံ​တော်​ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​က ​ပြောပါတယ်​။ “ပုဂံ​ဒေသရဲ့ ​နေဝင်​​နေထွက်​မြင်​ကွင်း​တွေက တ​ခြား​ဒေသ​တွေနဲ့ မတူဘူး။ ထူးခြားပြီး အရမ်းလှ ပါတယ်​။ ကျ​မ ​နေဝင်​​နေထွက်​မြင်​ကွင်း​တွေ အများကြီး​ကြုံခဲ့ဘူးပါတယ်​။ ပုဂံရဲ့ ​နေဝင်​​နေထွက်​ကိုတော့ မမှီပါဘူး။ ဒါ​ပေမယ့်​ ခရီးသွား​ဧည့်​သည်​တွေဟာ ​စေတီ​တွေ​ပေါ်တက်​ပြီး ​နေဝင်​​နေထွက်​ရှုခင်း​ တွေ ကြည့်​​နေတာဟာ ​​ရှေး​ဟောင်းအ​မွေအနှစ်​​တွေကို ထိခိုက်​​စေတဲ့အတွက်​ ရေရှည်​တွက်​ မသင့်​​တော်​လို့ ​နောင်​မှာ ပိတ်​ပင်​ရမယ်​။ တခြား​နေရာ​တွေမှာ အစားထိုးစီစဉ်​​ပေးဖို့လိုတယ်​”လို့ ​ဒေါ်​အောင်​ဆန်းစုကြည်​က ​​ပြောပါတယ်​။ ငလျှင်​​ကြောင့်​ ထိခိုက်​ခဲ့တဲ့ ​စေတီ​တွေ ပြုပြင်​မှုအ​ခြေအ​နေနဲ့ပတ်​သတ်​ပြီး သာသနာ​ရေးနဲ့ ယာဉ်​​ကျေးမှုဝန်​ကြီးဌာနက ရှင်းလင်းတင်​ပြမှုအပြီးမှာ ​ပြောဆိုခဲ့တာပါ။ ဒါ့အပြင်​ ဝန်​ကြီးဌာနက လုပ်​​ဆောင်​​နေတဲ့ ပုဂံ​ဒေသ ယာဉ်​​ကျေးမှုဇုန် သတ်​မှတ်​​ချတ်​ကိုလည်း အများပြည်​သူ သိရှိ​အောင်​ ​ပွင့်​လင်းမြင်​သာစွာ ချပြပြီး အများပြည်​သူ့ သ​ဘောထားနဲ့ သတ်​မှတ်​ဖို့ ​ပြောဆိုခဲ့ပါတယ်​။ သတင်း - အောင်ဆန်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024