Home
မေးမြန်းခန်း
ငြိမ်း​ချမ်း​ရေး​ လိုချင်ရင်​တော့​ အစိုး​ရဘက်က စိတ်ရင်း​ ​စေတနာရင်း​ရှိတယ်ဆိုတာ ပြရမယ်
မောင်တူး
·
December 6, 2011
တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့​အစည်း​တွေနဲ့​ တိုက်ပွဲ​တွေ ဖြစ်​နေ​သေး​ပေမယ့်​ အပစ်အခတ် ရပ်စဲ​ရေး​တွေလည်း​ ရှိ​နေပါတယ်။ ပြီး​ခဲ့​တဲ့​ နိုဝင်ဘာလကုန်ပိုင်း​က မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ကိုယ်တိုင် ထိုင်း​-မြန်မာ နယ်စပ်ကိုလာပြီး​တော့​ တိုင်း​ရင်း​သား​အဖွဲ့​တွေ ​ကေအန်ယူ၊​ အက်စ်အက်စ်​အေ၊​ ​ကေအန်ပီပီ စတဲ့​ အဖွဲ့​ ၄၊​ ၅ ဖွဲ့​နဲ့​ ​တွေ့​ပါတယ်။ [caption id="attachment_18573" align="alignleft" width="300" caption="ဦးဟန်ညောင်ရွှေ"][/caption] အပစ်အခတ်ရပ်စဲ​ရေး​အတွက် ​တွေ့​ဆုံ​ဆွေး​နွေး​ရာမှာ လိုက်ပါ ကူညီ​ဆောင်ရွက်​ပေး​ခဲ့​သူ ဦး​ဟန်​ညောင်​ရွှေကို ​မေး​မြန်း​ထား​ပါတယ်။ နိုဝင်ဘာလ ၁၉ ရက်​နေ့​က ထိုင်း​မြန်မာ နယ်စပ်မှာ ​တွေ့​ကြတဲ့​အဖွဲ့​တွေ​ပေါ့​၊​ အက်စ်အက်စ်​အေ၊​ ​ကေအိုင်​အေ လည်း​ပါမယ်။ ဒီလိုမျိုး​ ​တွေ့​ဆုံပွဲကို ဝင်​ရောက်ပြီး​ ကြား​ဝင်​ပြော​ပေး​ဖို့​က အစိုး​ရဘက်က ​ခေါ်တာလား​၊​ ဦး​ဟန်​ညောင်​ရွှေအ​နေနဲ့​ သွား​တာလား​။ “ပထမဆုံး​က​တော့​ ကျ​နော်နဲ့​ ဦး​အောင်မင်း​(မီး​ရထား​ဝန်ကြီး​) နဲ့​တွေ့​ကြရာမှာ သူက ကျ​နော့်​ကို အကြံဥာဏ်​တောင်း​တယ်။ တိုင်း​ရင်း​သား​ အပစ်အခတ် ရပ်စဲဖို့​ကိစ္စကို ဘယ်လိုလုပ်သင့်​တယ်ဆိုတာ သူက​မေး​တာ​ပေါ့​။ ကျ​နော်က​တော့​ ဒီပြဿနာ​တွေက ဖြစ်လာတာကြာပြီ၊​ ယုံကြည်မှုတည်​ဆောက်ရမယ်၊​ တဖြည်း​ဖြည်း​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ​တွေ လုပ်ရမယ်။ အဲလိုမျိုး​ ဖြစ်လာမှဖြစ်မယ်လို့​ ကျ​နော်က အကြံ​ပေး​လိုက်တယ်။ ​နောက်ပိုင်း​ သူနဲ့​ရန်ကုန်မှာ ပြန်​တွေ့​တော့​ သူက အက်စ်အက်စ်​အေ (​တောင်ပိုင်း​) ဗိုလ်မှူး​ရွက်ဆစ်တို့​အဖွဲ့​နဲ့​ ညှိ​ပေး​လို့​ရမလား​လို့​ ​မေး​တယ်။ ကျ​နော်က ဘယ်လို​ဖြေလည်း​ဆို​တော့​ ညှိ​ပေး​လို့​ ရတယ်။ ဒါ​ပေမယ့်​ ကျ​နော်လုပ်လာတဲ့​ တကာလလုံး​မှာ နိုင်ငံ​ရေး​ပါလာတဲ့​ ​နေရာမှာ ရှမ်း​အတွက်ပဲလုပ်​နေတာ မဟုတ်ဘူး​။ တိုင်း​ပြည်အတွက် လုပ်​နေတယ်။ ပြီး​တော့​မှ တိုင်း​ရင်း​သား​အကုန်လုံး​အတွက် ကူထား​တာရှိတယ်။ ဆို​တော့​ ဝန်ကြီး​က​နေ ရှမ်း​အဖွဲ့​နဲ့​တွေ့​မယ်ဆိုရင် တခြား​အဖွဲ့​တွေနဲ့​လည်း​ ​တွေ့​သင့်​တယ်လို့​ အကြံ​ပေး​လိုက်တယ်။ အစတုန်း​က​တော့​ သူလက်ခံတယ်။ ​နောက်ပိုင်း​မှာ သူက အဲဒါဆိုရင် လုပ်​ပေး​ပါဆိုပြီး​တော့​ ​ပြောလာတယ်။” ဦး​ဟန်​ညောင်​ရွှေအ​နေနဲ့​ ရှမ်း​အက်စ်အက်စ်​အေ တဖွဲ့​တည်း​နဲ့​ ​စေ့​စပ်ညှိနှိုင်း​ပေး​တာထက် ကျန်တဲ့​ အဖွဲ့​တွေကိုလည်း​ ဝင်ညှိနှိုင်း​ပေး​ချင်တယ်ဆိုပြီး​ ဖြစ်တာ​ပေါ့​။ အခု​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ကြပြီ။ သတင်း​လည်း​ သုံး​ပတ်​လောက်ရှိပြီဆို​တော့​ ဒီတိုက်ပွဲ​တွေ ရပ်စဲမှုမှာ၊​ ငြိမ်း​ချမ်း​ရေး​ရလဒ်​တွေမှာ ဘယ်လိုရခဲ့​လဲ။ “ဒီဇင်ဘာ ၂ ရက်​နေ့​က ​တောင်ကြီး​မြို့​မှာ အက်စ်အက်စ်​အေ (​တောင်ပိုင်း​) အဖွဲ့​က​တော့​ အပစ်အခတ် ရပ်စဲ​ရေး​ လက်မှတ်ထိုး​လိုက်ပါပြီ။ ​နောက်တဖွဲ့​က​တော့​ ချင်း​ (စီအန်အက်ဖ်) အဖွဲ့​က​တော့​ ဇန်နဝါရီထဲမှာ သူတို့​က ချင်း​ပြည်ကို သွား​ပြီး​တော့​မှ လက်မှတ်သွား​ထိုး​ပါမယ်။ ​ကေအန်ယူနဲ့​ ​ကေအန်ပီပီ ကရင်နီအဖွဲ့​က​တော့​ သူတို့​ရဲ့​ ဗဟိုကို ပြန်တင်ပြပြီး​တော့​မှ ဆုံး​ဖြတ်ချက်ယူမယ်။ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲလုပ်ဖို့​ အပစ်အခတ် ရပ်စဲဖို့​က​တော့​ မူအရလက်ခံတယ်​ပေါ့​။” ကေအန်ယူတို့​ ​ကေအန်ပီပီတို့​ အက်စ်အက်စ်​အေတို့​ ​ကေအိုင်အိုတို့​ ပါဝင်တဲ့​ ယူအန်အက်ဖ်စီ (ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ) အဖွဲ့​က​နေ တစ်ရက်၊​ နှစ်ရက်အတွင်း​မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တာကို ပြန်သုံး​သပ်တဲ့​ အစည်း​အ​ဝေး​လုပ်တယ်။ ​တွေ့​ဆုံမှုကို ဦး​အောင်မင်း​လည်း​ လာတယ်။ ဦး​ဟန်​ညောင်​ရွှေ ကြား​ဝင်​ဆောင်ရွက်​ပေး​တဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​က မမှန်ကန်တဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှုလို့​ သုံး​သပ်ထား​တာရှိတယ်။ အဲဒီအ​ပေါ်မှာ​ကော ဘာ​ပြောချင်လဲ။ “ဒါက​တော့​ သူတို့​ဘယ်လိုသုံး​သပ်လည်း​ ကျ​နော်တို့​မသိဘူး​။ အချက်အလက်​တွေ သူတို့​ပြည့်​ပြည့်​စုံစုံ ရှိသလား​ဆိုတာ ကျ​နော်တို့​မသိဘူး​။ ဒါ​ပေမယ့်​ ကျ​နော့်​အ​နေနဲ့​ မြင်တာက သူတို့​သုံး​သပ်​နေတာက မှား​နေလား​လို့​ မြင်တယ်။ ဘာ​ကြောင့်​လဲဆိုရင် ယူအန်အက်ဖ်စီ မူအရက အပစ်အခတ်ရပ်စဲ​ရေး​အဆင့်​က တဖွဲ့​ချင်း​တွေ့​လို့​ရတယ်။ အခု တဖွဲ့​ချင်း​ ​တွေ့​နေတာက အပစ်အခတ် ရပ်စဲလုပ်ဖို့​ပဲ ​တွေ့​နေကြတယ်။ ​နောက်တဆင့်​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ ဖြစ်လာရင် အကုန်ပါရမယ်​လေ။ ဝန်ကြီး​ဦး​အောင်မင်း​လည်း​ ​ပြောတယ်။ သူတို့​တင်ပြတဲ့​ အချက်အလက်​တွေကလည်း​ အဲဒီအတိုင်း​ပြောတယ်။ ဆို​တော့​ ဒီဟာက ယူအန်အက်ဖ်စီက ချထား​တဲ့​မူနဲ့​လည်း​ မလွဲဘူး​လို့​မြင်တယ်။ ပြီး​တော့​မှ ဒီအပစ်အခတ် ရပ်စဲလုပ်သွား​တဲ့​အဖွဲ့​ အက်စ်အက်စ်​အေ ​တောင်ပိုင်း​ကလည်း​ ​ပြောတာက​တော့​ အပစ်အခတ် ရပ်စဲတာနဲ့​မလုံ​လောက်ဘူး​။ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ ဖြစ်ရမယ်။ တပြည်လုံး​ဆွေး​နွေး​ပွဲ ဖြစ်ရမယ်။ သူတို့​က​ပြောတယ်။ ဆို​တော့​ အမှန်ကလည်း​ ယူအန်အက်ဖ်စီ မူနဲ့​ ကိုက်တယ်လို့​ ကျ​နော်မြင်တယ်​လေ။” ယူအန်အက်ဖ်စီ ဒီလို​ဆွေး​နွေး​တဲ့​အ​ပေါ်မှာ​တော့​ ဦး​ဟန်သ​ဘောထား​ကို ကျ​နော်တို့​ သိရပြီ။ ဘာပဲ​ပြော​ပြော နိုဝင်ဘာလ ၁၉ ရက်​နေ့​ထဲက ​ဆွေး​နွေး​လာခဲ့​ကြပြီး​တော့​ အချို့​လည်း​ လက်မှတ်ထိုး​တာ​တွေ ရှိတယ်။ ဒီ​ကေဘီ​အေတို့​နဲ့​ သီး​သန့်​လက်မှတ်ထိုး​တာ​တော့​ ဦး​အောင်​သောင်း​တို့​နဲ့​။ ဆို​တော့​ အစိုး​ရဘက်က ဦး​အောင်​သောင်း​တို့​ လွှတ်တာလည်း​ ရှိတယ်။ ဦး​မောင်​မောင်သိန်း​တို့​ လွှတ်တာလည်း​ ရှိတယ်။ ဒီဘက်မှာလည်း​ ဦး​ထွန်း​ရီနဲ့​လည်း​ ​တွေ့​တယ်။ သူတို့​က တိုင်း​ရင်း​သား​အား​လုံး​ကို တဖွဲ့​တည်း​နဲ့​ မလုပ်ဘဲနဲ့​ ဟိုလူနဲ့​ ဒီဘက်မှာလုပ်။ ဒီလူနဲ့​ဒီဘက်မှာလုပ်။ သူတို့​မှာ​ကော တိတိကျကျ မရှိဘဲနဲ့​ ကြုံသလို လုပ်​နေတာမျိုး​ အစိုး​ရဘက်က​ကော ဖြစ်နိုင်လား​။ “အဲဒီဟာလည်း​ တချို့​နေရာမှာ ဖြစ်​တော့​ဖြစ်တယ်။ အခု​တွေ့​တဲ့​ အဖွဲ့​တွေလည်း​ သူတို့​ အစိုး​ရကို ​တောင်း​ဆိုတယ်။ အဲဒါမျိုး​ မလုပ်ပါနဲ့​၊​ တကယ် မှန်ကန်တဲ့​ နည်း​လမ်း​နဲ့​ပဲ လုပ်ပါ၊​ ဥပမာ ပြည်နယ်က လာမယ်ဆိုရင်လည်း​ ပြည်နယ်က တဖွဲ့​လာ၊​ ပြဿနာမရှိဘူး​။ ပြည်​ထောင်စုအ​နေနဲ့​ လာမယ်ဆိုရင်လည်း​ ပြည်​ထောင်စုအ​နေနဲ့​လာ၊​ ပြဿနာမရှိဘူး​။ ဒါ​ပေမယ့်​ ဒီလူလာလိုက်၊​ ​နောက်တဖွဲ့​လာလိုက် တမျိုး​ပြောလိုက်၊​ အဲလိုမျိုး​တော့​ မလုပ်ပါနဲ့​ဆို​တော့​ ဒီအဖွဲ့​တွေက ​ပြောတာဖြစ်တယ်။” တချိန်တည်း​မှာပဲ တိုက်ပွဲ​တွေလည်း​ ပြန်ဖြစ်​နေတယ်ဆို​တော့​ ​ကေအန်ယူနဲ့​ဖြစ်​နေတာ။ ကချင်မှာဆိုလည်း​ မ​နေ့​ကဆို တိုက်ပွဲ​တော်​တော် ကြီး​ကြီး​မား​မား​ ဖြစ်​နေတယ်။ ဒီအ​ပေါ်​တွေ​ကော ဘာ​ပြောချင်လဲ။ “ဥပမာ ကရင်မှာ တိုက်ပွဲဖြစ်တယ် ဆိုတာ​တော့​ သဘာဝကျတယ်။ ဘာဖြစ်လို့​လည်း​ဆို​တော့​ အပစ်အခတ် ရပ်စဲမှု မရမချင်း​တော့​ တိုက်ရမှာပဲ။ ရှမ်း​ပြည်မှာလည်း​ အက်စ်အက်စ်​အေ ​တောင်ပိုင်း​ကလည်း​ တိုက်တာပဲ။ ဒီဇင်ဘာ ၂ ရက်​နေ့​မှာ သူတို့​က အပစ်အခတ် ရပ်စဲ​ရေး​ လက်မှတ်ထိုး​ကြတယ်။ အဲဒီ​နောက်ပိုင်း​မှာ တိုက်ပွဲ​တွေ ဆက်ဖြစ်ရင်​တော့​ ပြဿနာရှိမယ်။ အဲဒီလက်မှတ်မထိုး​ခင်မှာ တိုက်ပွဲဖြစ်တာ သဘာဝကျတယ်။ ကချင်မှာ​တော့​ သူ့​ပြဿနာက ​တော်​တော်ကြီး​တယ်။ ဒီ​နေရာမှာ ကျ​နော်ထင်တာက​တော့​ တမျိုး​မှား​နေတယ်လို့​ မြင်တယ်။ ဘာ​ကြောင့်​လဲဆိုရင် ကချင်​လောက် အစိုး​ရကို ကူထား​တဲ့​အဖွဲ့​မရှိဘူး​။ အမျိုး​သား​ညီလာခံလည်း​ သူကပါခဲ့​တယ်။ ​ရွေး​ကောက်ပွဲဝင်ဖို့​လည်း​ သူတို့​က ကြိုး​စား​ခဲ့​တယ်။ သူတို့​က အစိုး​ရသစ်တက်လာတာကိုလည်း​ ကြိုဆိုတယ်။ သမ္မတကြီး​ လုပ်​နေတဲ့​ အ​ပြောင်း​အလဲကိုလည်း​ ​ထောက်ခံတယ်။ ဒါ​ပေမယ့်​ ဘာ​ကြောင့်​ တိုက်ပွဲ​တွေ ပြင်း​ထန်လာသလဲ။ ဘာ​ကြောင့်​ ဒီထက်ဆိုး​လာသလဲ။ အဲဒါက​တော့​ ကျ​နော့်​အမြင်ဆိုရင် တမျိုး​တော့​မှား​နေပြီ။ အဲဒါကို ပြင်ဖို့​လိုမယ်။” မှား​နေတယ်ဆိုတာ ဘယ်အရာမှာမှား​နေလဲ။ ကချင်မှာ​တော့​ တိုက်ပွဲ​တွေများ​နေတယ်။ ကရင်မှာလည်း​ ရှိ​နေ​သေး​တယ်။ တိုင်း​ရင်း​သား​တွေဘက်က ​ပြော​နေကြတာ အစိုး​ရတပ်​တွေက ထိုး​စစ်​တွေလုပ်​နေလို့​ပြောတယ်။ အစိုး​ရဘက်က ထိုး​စစ်မလုပ်ဘဲနဲ့​ ​လျှော့​ပေး​လိုက်ရင်​ကော အပစ်အခတ် ရပ်စဲ​ရေး​က အလိုလို ဖြစ်မသွား​နိုင်ဘူး​လား​။ “အဲဒါပါပဲ။ ကျ​နော်​ပြော​နေတဲ့​ မှား​နေတယ်ဆိုတာ တကယ်​တော့​ သွား​ညှိနှိုင်း​တယ်ဆိုရင် သူက အဆင်​ပြေသင့်​တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ကချင်ဘက်ကလည်း​ ကျ​နော်သိတာက သူတို့​မတိုက်ချင်ဘူး​။ ဇူလိုင်လကုန် အထိ​တောင်မှ ကျ​နော်သူတို့​နဲ့​ဆွေး​နွေး​တယ်။ သူတို့​က လက်မှတ်ထိုး​ဖို့​ အဆင်သင့်​ပဲ။ ဒါ​ပေမယ့်​ ဘာ​ကြောင့်​ ဒီထက်ဆိုး​သွား​တာလဲ။ စစ်တပ်ဘက်က ပိုပြီး​တော့​ ဝင်တိုက်လို့​ဖြစ်မယ်။ အ​ခြေအ​နေကြည့်​လိုက်ရင် အခုတိုက်ပွဲ​တွေ ကချင်ပြည်နယ်မှာ ဖြစ်​နေတာက အရင်တုန်း​က အစိုး​ရသတ်မှတ်ထား​တဲ့​ ​ကေအိုင်အို နယ်​မြေထဲမှာဖြစ်​နေတယ်။ ​ပြောချင်တာက​တော့​ အစိုး​ရတပ်​တွေက ကျူး​ကျော်​နေတယ်။ သူတို့​နယ်​မြေထဲ​ရောက်​နေတယ်။ အဲဒါသူတို့​က တိုက်ရမှာပဲ။ သဘာဝကျတယ်။ အစိုး​ရတပ်က ဆုတ်​ပေး​တယ်ဆိုရင် အလိုလို အပစ်အခတ် ရပ်စဲ​ရေး​ ဖြစ်သွား​နိုင်တယ်။” ဦး​ဟန်​ညောင်​ရွှေအ​နေနဲ့​က​​ အစိုး​ရဝန်ကြီး​ ဦး​အောင်မင်း​က ​ခေါ်ယူတယ်။ ငြိမ်း​ချမ်း​ရေး​ဖြစ်​စေချင်တယ်။ တိုက်ပွဲ​တွေ ဖြစ်​နေတယ်ဆိုတာ မ​ကောင်း​ဘူး​ဆိုပြီး​ ကြား​ဝင်​ဆောင်ရွက်​ပေး​တယ်။ တချို့​ပြော​နေတာက ဦး​ဟန်​ညောင်​ရွှေက အစိုး​ရနဲ့​ ​ပေါင်း​တယ်၊​ အစိုး​ရခိုင်း​တာ လုပ်​နေတယ်ဆိုပြီး​ ​ပြော​နေတာ​တွေ ရှိတယ်။ ဒီ​ပေါ်မှာ​ကော ကိုယ်က ကြား​ဝင်​ဆောင်ရွက်​ပေး​ထား​တဲ့​ ကိစ္စ​တွေမှာ ဘယ်လိုခံစား​ရလဲ။ “ကျ​နော် ဒီမိုက​ရေစီ တိုက်ပွဲထဲဝင်လာတဲ့​ ကာလပတ်လုံး​က ကျ​နော်က တိုင်း​ပြည်​ကောင်း​ဖို့​ လုပ်ခဲ့​တယ်။ ဘာမှ ဒီဘက် ဟိုဘက် မဝင်ဘဲနဲ့​ တတ်နိုင်သမျှ အကုန်လုံး​ကောင်း​အောင် ကြိုး​စား​ခဲ့​တယ်။ ကျ​နော်နဲ့​တွဲပြီး​ လုပ်လာတဲ့​လူတိုင်း​က သိပါတယ်။ ဆို​တော့​ ကျ​နော်က ​ပြောစရာမလိုဘူး​။ ကျ​နော်က ဘာရချင်လို့​၊​ အစိုး​ရနဲ့​ သွား​ပေါင်း​တယ်။ သူတို့​ခိုင်း​လို့​ လုပ်တယ်။ ဒါ​တွေက​တော့​ ကျ​နော့်​ကို မသိတဲ့​လူ​တွေဖြစ်မယ်။ မဟုတ်ဘဲနဲ့​ တမင်တကာ ​ပြောချင်တဲ့​လူ​တွေဖြစ်မယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ကျ​နော်နဲ့​သိလာတဲ့​ လူတိုင်း​က​တော့​ ဘယ်သူလာခိုင်း​ခိုင်း​ အမှန်မဟုတ်ရင် ကျ​နော်မလုပ်ပါဘူး​။ အမှန်တရား​ထဲမပါရင် ကျ​နော်မလုပ်ပါဘူး​။ အခုန​ပြောတဲ့​အတိုင်း​ပဲ ဒီ​နေရာမှာက အပစ်အခတ် ရပ်စဲမလုပ်ဘူး​။ ငြိမ်း​ချမ်း​ရေး​ နည်း​လမ်း​မရှာဘူး​ဆိုရင် ကျ​နော်တို့​က ဆက်တိုက်သွား​ဖို့​ပဲ ရှိတယ်။ နှစ်​ပေါင်း​ ငါး​ဆယ်၊​ ​ခြောက်ဆယ် တိုက်သွား​မယ်။ ဒီဟာက အကျိုး​မဖြစ်ဘူး​။ ဆို​တော့​ ကျ​နော့်​အ​နေနဲ့​က အခုအ​နေနဲ့​ အစိုး​ရကလည်း​ ကမ်း​လှမ်း​လာတယ်။ အစိုး​ရကလည်း​ တကယ်လုပ်ပါမယ်လို့​ ​ပြော​တော့​ ကျ​နော်က​တော့​ ဖြစ်​စေချင်တယ်။” စော​စောက​ပြောသလို အစိုး​ရတပ်​တွေက ထိုး​စစ်​တွေလုပ်​နေတယ်။ သူတို့​ နည်း​နည်း​ဖြစ်ဖြစ် ဆုတ်ပြီး​တော့​မှ ဆက်လက် ထိုး​စစ်မလုပ်ဘဲနဲ့​ စကား​ပြောရင် ပို​ကောင်း​မယ်လို့​။ တကယ်တမ်း​တော့​ အခုရက်ပိုင်း​မှာကို ရှမ်း​ပြည်နယ်ထဲမှာ ရှိတဲ့​ ကချင်စခန်း​တွေကို အစိုး​ရက ထပ်သိမ်း​တာတို့​၊​ ဒါမျိုး​တွေလည်း​ ဖြစ်​နေတာ။ တကယ်လို့​ စကား​ပြောတယ်ဆိုရင်​တော့​ သူတို့​အ​နေနဲ့​ ထိုး​စစ်​တွေ မလုပ်သင့်​ဘူး​ပေါ့​။ ဆို​တော့​ ​နောက်ဆုံး​ ဦး​ဟန်​ညောင်​ရွှေကိုယ်တိုင် ကြား​ဝင်​ဆောင်ရွက်​ပေး​တာရယ်။ ​ရှေ့​အလား​အလာကို ငြိမ်း​ချမ်း​ရေး​ တကယ်ဖြစ်သွား​မယ်လို့​ ထင်သလား​။ အဟန့်​အတား​တွေက ရှိ​နေ​တော့​။ အဲဒါ​နောက်ဆုံး​ အ​နေနဲ့​ရှင်း​ပြပါလား​။ “ကျ​နော်ထင်တာ ဖြစ်နိုင်တယ်။ ဒါ​ပေမယ့်​ အစိုး​ရအ​နေနဲ့​ သူတို့​ယုံကြည်မှု တည်​ဆောက်တဲ့​သ​ဘောနဲ့​ ဒီစစ်တပ်ကို ဆုတ်​ပေး​ဖို့​ လိုမယ်လို့​ ကျ​နော်မြင်တယ်။ ဘာလို့​လဲဆို​တော့​ အခုက မယုံကြဘူး​။ တကယ်လုပ်ချင်တယ်ဆိုတာ။ ဘာ​ကြောင့်​လဲဆိုရင် အရင်က အ​တွေ့​အကြုံအရ ကချင်က အပစ်အခတ်ရပ်စဲလုပ်တယ်။ နှစ်​ပေါင်း​ ၁၇ နှစ်​စောင့်​ခဲ့​တယ်။ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ မဖြစ်ဘဲနဲ့​ တိုက်ပွဲ​တွေဖြစ်လာတယ်။ ဆို​တော့​ သူတို့​အ​နေနဲ့​ စိုး​ရိမ်မှုရှိတယ်။ တကယ်ပဲ ငြိမ်း​ချမ်း​ရေး​ လိုချင်ရင်​တော့​ အစိုး​ရဘက်က စိတ်ရင်း​ ​စေတနာရင်း​ရှိတယ်ဆိုတာ ပြရမယ်။ အ​ကောင်း​ဆုံး​က တပ်ရုပ်သိမ်း​တာ အ​ကောင်း​ဆုံး​ပဲလို့​ အဲဒီလိုပဲ ကျ​နော်မြင်ပါတယ်။”  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024