တရုတ်နှစ်ကူး ကြိုဆိုကြမည့် ကမ္ဘာတလွှား ချစ်စရာ့ ပန်ဒါလေးများ (ရုပ်သံ)

လာမယ့် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်မှာ ပါဝင်ဆင်နွှဲကြမယ့် ကမ္ဘာတလွှားမှ ဒါဇင်နဲ့ချီတဲ့ ပန်ဒါဝက်ဝံကလေးတွေရဲ့ ပြင်ဆင်နေမှု ရုပ်သံဗွီဒီယိုဖိုင်ကို စီဂျီတီအဲန်သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကမ္ဘာတလွှား ကျင်းပကြမယ့် တရုတ်လူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲတော်မှာ လူတွေတင်မကပဲ ချစ်စရာကောင်းတဲ့ ရှားပါး ပန်ဒါဝက်ဝံကလေးတွေအနေနဲ့ ဘယ်လိုဆင်နွှဲဖို့ ပြင်ဆင်ထားကြသလဲ ဆိုတာတွေကို တွေ့ရမှာပါ။ နှစ်သစ်ကူးပွဲတော်အတွက် လှလှပပ ပုံဖော်အလှဆင်ထားတဲ့ကြားမှာ တရုတ်နိုင်ငံ၊ စီချွမ်ခရိုင်၊ ဟေလိုဂျီအန်းခရိုင်ထဲက ပန်ဒါဝက်ဝံကလေးတွေရဲ့ ချစ်စရာပုံရိပ်တွေအပြင် အမေရိကန်နိုင်ငံ၊ ဆန်ဒီယေးဂိုးစ်နဲ့ မလေးရှားနိုင်ငံ၊ နီဂရာတိရစ္ဆာန်ဥယျာဉ်တွင်းက ပန်ဒါဝက်ဝံကလေးတွေကိုပါ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ရှုစားကြရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up