မယ်စကြာဝဠာပြိုင်ပွဲဝင် အလှမယ်များ ဖိလစ်ပိုင်သမ္မတနှင့် ဇနီးကို တွေ့ဆုံဂါရဝပြု

ဓာတ်ပုံ - ရိုက်တာ
အခုနှစ် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် မယ်စကြာဝဠာပြိုင်ပွဲဝင် အလှမယ်တွေဟာ ဇန်နဝါရီ ၂၃ ရက်နေ့က သမ္မတ ဒူတာတေးနဲ့ ဇနီးကို လာရောက်တွေ့ဆုံ ဂါရဝပြုခဲ့ကြပါတယ်။ အခုနှစ် မယ်စကြာဝဠာပြိုင်ပွဲကို လာမယ့် ဇန်နဝါရီ ၃၀ ရက်နေ့ စတင်ကျင်းပမှာဖြစ်ပြီး နိုင်ငံတကာကိုယ်စားပြု အလှမယ် ၈၆ ယောက်ကျော် လာရောက်ယှဉ်ပြိုင်ကြမှာပါ။ အခုလို လာရောက်တွေ့ဆုံတဲ့ အလှမယ်တွေကို သမ္မတ ဒူတာတေးက ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ်က ပြိုင်ပွဲဝင် အလှမယ် ၃၀ ဟာ ဆင်းရဲနွမ်းပါးသူ ဖိလစ်ပိုင်အမျိုးသမီးတွေကို စားသောက်ဖွယ်ရာတွေနဲ့ တခမ်းတနား အလှူအတန်း ပေးခဲ့ကြပါတယ်။ ဘဝတူအမျိုးသမီးတွေကို အခုလို လှူဒါန်းခွင့်ရတာ အထူးဝမ်းသာဂုဏ်ယူတယ်၊ သူတို့တွေ စားစရာတောင် မရှိကြတဲ့အထိ ဆင်းရဲငတ်မွတ်ကြတယ်လို့ တရုတ်အလှမယ်က ပြောပါတယ်။ အလှမယ်တွေဟာ ပြိုင်ပွဲကာလအတွင်း ဖိလစ်ပိုင်နိုင်ငံတဝန်း သွားရောက်လှည့်လည်ကြပြီး အခုလို လူမှုရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up