သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်တွင် ရာဖေးနာဒယ်လ် အနိုင်ရ

ဓာတ်ပုံ - ရိုက်တာ
ဇန်နဝါရီ ၂၃ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသား စတုတ္ထအဆင့်မှာ ရာဖေး နာဒယ်လ်က  ဂါရယ် မွန်ဖီးလ်ကို အနိုင်ရသွားပါတယ်။ ကမ္ဘာ့နံပါတ် ၁ ဟောင်း နာဒယ်လ်ဟာ ပြင်သစ်က မွန်ဖီးလ်ကို ၃ ပွဲနိုင် ၁ ပွဲရှုံးနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားတာပါ။ အသက် ၃၀ အရွယ် ကမ္ဘာ့အဆင့် ၉ ဖြစ်တဲ့ စပိန်နိုင်ငံသား နာဒယ်လ်ဟာ ဒီပွဲမှာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒီပွဲမှာ ကမ္ဘာ့အဆင့် ၆ ဖြစ်တဲ့ မွန်ဖီးလ်ဟာ အမှားအယွင်း များခဲ့သလို ပုံမှန်လက်စွမ်းမရဘဲ ဖြစ်ခဲ့ပါတယ်။ နာဒယ်လ်အတွက်တော့ ၂၀၁၅ နောက်ပိုင်းမှာ အဓိကကျတဲ့ ပြိုင်ပွဲတွေမှာ ကွာတားအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရာဖေး နာဒယ်လ်ဟာ ကွာတားဖိုင်နယ်အဆင့်မှာတော့ ကမ္ဘာ့အဆင့် ၃ ဖြစ်တဲ့ ကနေဒါက မီလို့စ် ရိုနစ်နဲ့ ဆုံရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up