Home
မြန်မာသတင်း
ကေအိုင်အိုက ​ဖောက်ခွဲဖျက်ဆီး​မှုလုပ်​နေ​ကြောင်း​ အစိုး​ရသတင်း​စာတွင်​ဖော်ပြ
DVB
·
December 5, 2011
ကချင်လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ) တပ်ဖွဲ့​ဝင်​တွေက ​ဖောက်ခွဲမှု၊​ မီး​ရှို့​ဖျက်ဆီး​မှုနဲ့​ ပစ်ခတ်သတ်ဖြတ်မှု​တွေ လုပ်​နေတယ်လို့​ ဒီက​နေ့​ထုတ် အစိုး​ရသတင်း​စာမှာ ​ဖော်ပြထား​ပါတယ်။ ကချင်ပြည်နယ် မိုး​ကောင်း​မြို့​နယ် နမ္မတီး​ရွာအနီး​က ယုဇနကုမ္ပဏီပိုင် ဘက်ဟိုး​ယာနှစ်စီး​နဲ့​ ​မြေထိုး​စက်တစီး​ကို ​ကေအိုင်​အေ တပ်ဖွဲ့​က မီး​ရှို့​ဖျက်ဆီး​ခဲ့​တဲ့​အတွက် ယာဉ်၃စီး​စလုံး​ မီး​လောင်ပျက်စီး​ခဲ့​ပြီး​ ကျပ်သိန်း​ပေါင်း​ ၃၆၀၀ ဆုံး​ရှုံး​ခဲ့​ကြောင်း​ ​ဖော်ပြထား​ပါတယ်။ ဒါ့​အပြင် ဖား​ကန့်​က​နေ မိုး​ကောင်း​ကိုသွား​တဲ့​ ခရီး​သည်တင် ကား​တစီး​ဟာ ကာမိုင်း​-မအူပင်လမ်း​ရှိ ဟိုအင်ဝမ်း​တံတား​မှာ ရပ်နား​နေတုန်း​ ​ကေအိုင်အို ​ထောင်ထား​တဲ့​ မိုင်း​ကို ခရီး​သည်တဦး​က တိုက်မိလို့​ ထိခိုက်ဒဏ်ရာ ရခဲ့​ကြောင်း​နဲ့​ ပြည်သူ​တွေကို အထိတ်တလန့်​ဖြစ်​အောင်လုပ်​နေကြာင်း​ ​ရေး​သား​ ​ဖော်ပြထား​ပါတယ်။ ဒီ​ဖော်ပြချက်နဲ့​ ပတ်သက်ပြီး​ ​ကေအိုင်အို ​ပြောခွင့်​ရသူ ဦး​လနန်း​က ကချင်လွတ်လပ်​ရေး​ တပ်မ​တော်အ​နေနဲ့​ ပြည်သူ​တွေ ထိခိုက်နစ်နာမယ့်​ အလုပ်ကို မလုပ်​ကြောင်း​ အခုလို ငြင်း​ဆိုထား​ပါတယ်။ “ကျ​နော်တို့​ ​ကေအိုင်အိုက​တော့​ ပြည်သူလူထု​တွေ ထိခိုက်နစ်နာမယ့်​ လုပ်ရပ်​တွေကို ဘယ်​တော့​မှမလုပ်ဘူး​။ မြို့​ပေါ်မှာ တိုက်ခိုက်​ဖောက်ခွဲတာ​တွေ ဘယ်​တော့​မှမလုပ်ဘူး​။ ​နောက်လည်း​ အဲ့​လိုဆက်လုပ်ဖို့​ ဘာမှအ​ကြောင်း​မရှိဘူး​။ ​ပေါက်ကွဲမှုဖြစ်တိုင်း​ ပစ်ခတ်မှုဖြစ်တိုင်း​ သူတို့​က​တော့​ ကျ​နော်တို့​ ​ကေအိုင်အိုကိုပဲ အပြစ်ဖို့​တာမျိုး​လုပ်တယ်။ ဒါက သူတို့​ဝါဒဖြန့်​သက်သက်ပါ။ ကား​မိုင်း​လမ်း​မှာ လွန်ခဲ့​တဲ့​ ၂ ရက်​နေ့​ကထင်တယ်။ တိုက်ခိုက်မှုတခု ဖြစ်တယ်။ အဲဒီတိုက်ခိုက်မှုမှာ သူတို့​ ယာဉ်သုံး​စီး​နဲ့​ ဆင်း​လာတယ်။ ကျ​နော်တို့​ အတိုက်အခိုက် လုပ်တဲ့​အခါမှာ သူတို့​ ၅​ယောက်၊​ ၆​ယောက်​လောက် ထိခိုက်တာရှိတယ်။ ဒဏ်ရာရတာ​တွေလည်း​ ပါတယ်။ လက်နက်​တွေ​တောင်မှ ၅ လက်​လောက် သိမ်း​ဆည်း​ရမိတယ်။ အဲဒီမှာ ဒဏ်ရာရတဲ့​ သူတို့​ ရဲ​ဘော်​တွေကို သူတို့​က အရပ်ဝတ်လဲပြီး​တော့​ ​ဆေး​ရုံပို့​တာ​တွေ သတင်း​ကကြား​တယ်။ အဲဒါ​ကြောင့်​မို့​ သူတို့​ တကယ်လို့​များ​ သတင်း​စာမှာပါတဲ့​ အရပ်သား​တွေ ဒဏ်ရာရပြီး​ ကား​မိုင်း​ဆေး​ရုံမှာ ပို့​ထား​တဲ့​ကိစ္စက အမှန်တကယ်​တော့​ အရပ်သား​တွေ​တော့​ မဖြစ်နိုင်ဘူး​။ စစ်သား​တွေပဲ ဖြစ်ပါလိမ့်​မယ်။” ပြီး​ခဲ့​တဲ့​အပတ်တုန်း​က ​ကေအိုင်အို ဥက္ကဋ္ဌ အပါအဝင်အဖွဲ့​တွေက အစိုး​ရကိုယ်စား​လှယ်အဖွဲ့​နဲ့​ တရုတ်နိုင်ငံ ​ရွှေလီမြို့​မှာ ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေ လုပ်ခဲ့​ပေမယ့်​ ကချင်ပြည်နယ်အတွင်း​မှာ​တော့​ တိုက်ပွဲ​တွေ ဆက်လက် ဖြစ်ပွား​နေဆဲ ဖြစ်ပါတယ်။ ဒါ့​အပြင် မြန်မာပြည် ​အောက်ဘက်က တပ်​တွေကိုလည်း​ ကချင်ပြည်နယ်ဘက် ထပ်မံပို့​ဆောင်​နေတယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။ ကေအိုင်အို​ခေါင်း​ဆောင်နဲ့​ လာ​ရောက်​တွေ့​ဆုံတဲ့​ အစိုး​ရကိုယ်စား​လှယ်အဖွဲ့​ဟာ စစ်ကိုရပ်စဲနိုင်တဲ့​ ပုဂ္ဂိုလ်မပါဝင်တဲ့​အတွက် ဒီ​တွေ့​ဆုံမှုဟာ ဖြစ်ပွား​နေတဲ့​ စစ်ပွဲ​တွေနဲ့​ ဆက်စပ်မှုမရှိ ဖြစ်​နေတယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024