အွန်လိုင်းပေါ် ရေပန်းစားနေသည့် ဒိုင်နိုဆောနှင့်တူသည့် မိကျောင်းကြီး (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်အုပ်စုတစုအနီးက ဖြတ်သွားခဲ့တဲ့ မိကျောင်းကြီးတကောင်ဟာ အံ့သြလောက်စရာ ဂျူရာ့ဆစ်ခ်ခေတ် ဒိုင်နိုဆောကြီးတကောင်နဲ့ တူနေခဲ့တဲ့အတွက် အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ခရီးသွားဧည့်သည်တွေဟာ သူတို့နဲ့ အကွာအဝေး နီးနီးကပ်ကပ်ကနေ ဖြတ်သွားခဲ့တဲ့ အရှည် ၁၂ ပေလောက်ရှိတဲ့ မိကျောင်းကြီးကို အံ့အားတသင့် ဖြစ်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖလော်ရီဒါပြည်နယ်၊ လိတ်ခ်လဲန်းဒ်မှာဖြစ်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပေမယ့် တချို့ကတော့ ဒါဟာ အစစ်အမှန်လား၊ အတုအယောင်လား ဆိုတာကို မယုံနိုင်အောင် ဖြစ်နေခဲ့ကြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ကို မျှဝေခဲ့သူ အမျိုးသမီးကတော့ ဒါဟာ အစစ်အမှန်ဖြစ်တယ်လို့ ပြောပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဝင်ရောက်ကြည့်ရှုကြပြီး ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၁ သောင်းခွဲကျော် ရှိနေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ရဲ့အစမှာ မိကျောင်းကြီးရဲ့နှာခေါင်း စတင်ပေါ်လာခဲ့တာကို တွေ့လိုက်ရချိန် ခရီးသွားတွေဟာ သူတို့ရဲ့ မှန်ပြောင်းတွေနဲ့ ကြည့်ရှုနေခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီနောက် မိကျောင်းကြီးဟာ လမ်းမပေါ်ကိုဖြတ်ပြီး လမ်းရဲ့တဘက် မြက်ခင်းတောထဲကို ဝင်သွားခဲ့ချိန်မှာ ကြည့်ရှုသူတွေဟာ ပါးစပ်အဟောင်းသားနဲ့ ကျန်နေခဲ့ကြတာပါ။ အံ့သြလောက်စရာ ဒီမိကျောင်းကြီးရဲ့ အမြီးပိုင်းဟာ အရွယ်ရောက်ပြီးသူတယောက်ရဲ့ အရွယ်အစားထက် ပိုပြီးရှည်လျားနေခဲ့တာကို တွေ့ရမှာပါ။ နယူးစ်ဆစ်က်စ် (News 6) သတင်းမှ အစီအစဉ်တင်ဆက်သူတဦးဖြစ်တဲ့ ဂျပ်စတင် ဝါးမော့သ်ကတော့ “ဒါဟာ ဒိုင်နိုဆောတကောင်လိုပဲ” လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up