အိန္ဒိယအရှေ့ပိုင်းတွင် ရထားတစီး လမ်းချော်၊ အနည်းဆုံး ၃၆ ဦး သေဆုံး

ဓာတ်ပုံ - ဘီဘီစီ
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အန်ဒရာ ပရာဒက်ရှ့် (Andhra Pradesh) ပြည်နယ် ဗီဇီယာနာဂရမ်မြို့မှာ ဇန်နဝါရီ ၂၂ ရက်နေ့က ရထားတစီး လမ်းချော်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၃၆ ဦး သေဆုံးပြီး အယောက် ၅၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအမြန်ရထားဟာ ဂျာဒါလ်ပူးကနေ ဘူဘန်နက်စ်ဝါမြို့ကိုအသွား အန်ဒရာပရာဒက်ရှ့်ပြည်နယ် ကွန်နရီဘူတာအနီးမှာ လမ်းချော် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ရထားတွဲ ၉ တွဲလုံး လမ်းချော်ကျပြီး အဲဒီအထဲက ၃ တွဲ တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။ ပိတ်မိနေသူတွေကို ကယ်ဆယ်နေဆဲဖြစ်ပြီး သေဆုံးသူဦးရေ ပိုများပြားလာနိုင်တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ ရထားလမ်းချော် တိမ်းမှောက်ရတဲ့ အကြောင်းရင်းကိုလည်း လောလောဆယ် မသိရှိရသေးပါဘူး။ ဒဏ်ရာရရှိသူတွေကို အနီးဆုံး ဒေသခံဆေးရုံ ၂ ရုံမှာ တင်ပို့ကုသထားတယ်လို့လည်း ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း နိုင်ငံမြောက်ပိုင်းက ဥတာပါရာဒေ့ရှ်ပြည်နယ်မှာ အခုလို ရထားလမ်းချော်တိမ်းမှောက်မှု ဖြစ်ပြီး လူအယောက် ၁၄၀ ကျော် သေဆုံးခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up