ဆူဒူနိုအထည်ချုပ်စက်ရုံ လုပ်သားများ လစာတိုးပေးရန် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
January 23, 2017
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အပြင် ပဒံက ဆူဒူနိုအထည်ချုပ်စက်ရုံမှာ လစာတိုးပေးဖို့ အလုပ်သမား ၄၀၀ လောက် ဒီကနေ့မှာ ဆန္ဒပြ တောင်းဆိုနေပါတယ်။
နှစ်ပြည့် ကျွမ်းကျင်လုပ်သားတွေကို အခြေခံလစာတလ ၁ သိန်း ၈ ထောင်အပြင် နှစ်တိုးအဖြစ် ငွေကျပ် ၁ သောင်း တိုးပေးဖို့ အလုပ်သမားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေတာပါ။
အဲဒီစက်ရုံမှာ လုပ်သား ၆၀၀ လောက်ရှိပြီး ဇန်နဝါရီလ ၂၃ ရက်ကစကာ အလုပ်လုပ်နေရင်းနဲ့ ခေါင်းစည်းအနီတွေ၊ အင်္ကျီအနီရောင်တွေ ဝတ်ဆင်ပြီး တောင်းဆိုကြတာပါ။
အလုပ်ရှင်ဘက်က တလ ၇၀၀၀ ကျပ်ပေးဖို့ သဘောတူထားပြီး အလုပ်သမားတွေက ၁ သောင်းရဖို့ ဆက်လက်တောင်းဆိုနေပါတယ်။
သတင်း - စိုးမိုးအောင်