Homeမြန်မာသတင်း
နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ ကြံ့ခိုင်ရေးပါတီ ပြုလုပ်
နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ ကြံ့ခိုင်ရေးပါတီ ပြုလုပ်
အောင်သူ
·
January 23, 2017
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ ဒီကနေ့ ပြုလုပ်နေပါတယ်။
"အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့တွေ အပြန်အလှန်ထိန်းကျောင်းမှု ယိမ်းယိုင်လာခြင်းအတွက် ဒီမိုကရေစီအာဏာရှင်ပုံစံဦးတည်လာပြီး တရားဥပဒေစိုးမိုးရေး အားနည်းလာခြင်းအပြင် အရေးကြီးတဲ့သတင်းလုံခြုံရေးဟာ ထိတ်လန့်စရာမေးခွန်းထုတ်စရာ ဖြစ်နေပြီ"လို့ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့် မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
လက်ရှိမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုး ပါတီရဲ့ အကြံပေးနဲ့ ၀န်ကြီးဟောင်း ဦးအောင်မင်းက တိုက်ပွဲတွေ မဖြစ်ဖို့ ဆွေးနွေးပွဲများများလုပ်ဖို့လိုပြီး တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေနဲ့ပါ ဆွေးနွေးဖို့လိုတယ်လို့ ဦးအောင်မင်းက ပြောပါတယ်။