ဘူးသီးတောင်နှင့် မြောက်ဦးတွင် မီးလောင်
DVB
·
January 23, 2017
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ် ကြက်ဈေးရပ်ကွက်မှာ ဇန်န၀ါရီ ၂၂ ရက် ညနေ က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂လုံး မီးလောင်ဆုံးရှုံးသွားခဲ့ပါတယ်။
မြောက်ဦးမြို့ ကြက်ဈေးရပ်ကွက် လမ်းဆုံနားက ဦးသံခဲအောင်ရဲ့နေအိမ်မှာ ထမင်းချက်နေတုန်း မီးဖိုက ၀ါးထရံကို မီးကူးစက်လောင်ကျွမ်းတာဖြစ်ပြီး ညနေ ၅ နာရီခွဲလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
အလားတူ ဘူးသီးတောင်မြို့ သပြေကုန်းရပ်ကွက်မှာလည်း ညနေ ၆ နာရီခွဲ အချိန်မှာ မီးလောင်မှုဖြစ်ခဲ့ပြီး နေအိမ် ၁ လုံး မီးထဲပါသွားပါတယ်။
သပြေကုန်းရပ်ကွက်ရှိ ဦးမောင်မောင်ယေရဲ့ နေအိမ်ရှေ့ အလှပြင်ဆိုင်ခန်းမှာ မီးစက်နှိုးပြီး အလုပ်လုပ်နေရာက သွပ်မိုး ပျဉ်ထောင်အိမ်တစ်လုံး မီးလောင်ခဲ့ပြီး ည ၇ နာရီကျော်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုတွေကို သက်ဆိုင်ရာ ရဲစခန်းတွေက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - ကိုအောင်