ဆိုင်ကယ်ဘီးထောင်စီးနင်းချိန် တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် စတန့်သမား (ရုပ်သံ)

အမေရိကန်နိုင်ငံမှ ဆိုင်ကယ်စတန့်သမား အမျိုးသားတဦးဟာ လမ်းမတခုပေါ်မှာ ဆိုင်ကယ်ကို ရှေ့ဘီးထောင် စတန့်ထွင် စီးနင်းချိန်မှာ ဆိုင်ကယ်မတော်တဆ နောက်ပြန်ဘီးချော် တိမ်းမှောက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာတွေ ရသွားပါတယ်။ သူဟာ အစပိုင်းမှာ ဆိုင်ကယ်ကို အရှိန်နဲ့ မောင်းနှင်နေချိန် ရုတ်တရက် ဆိုင်ကယ်အပေါ်ကို တက်ရပ်ပြခဲ့ပြီး လက် ၂ ဘက်ကို ဘေးဆန့်တန်းထားကာ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းပြီး စွမ်းရည်ပြသနိုင်ခဲ့တာပါ။ အဲဒီနောက်တော့ သူဟာ ဆိုင်ကယ်ရဲ့ ရှေ့ဘီးကိုထောင်ဖို့ ကြိုးစားနေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒါပေမယ့် အစပိုင်းမှာ မအောင်မြင်ခဲ့ဘဲ လေးကြိမ်မြောက် ကြိုးစားခဲ့ချိန်မှာတော့ ဆိုင်ကယ်ရဲ့ ရှေ့ဘီးကို ထောင်နိုင်ခဲ့ချိန်မှာ မတော်တဆ ဘီးချော်တိမ်းမှောက်ခဲ့တာပါ။ သူ့ရဲ့ခန္ဓာကိုယ်မှာ ဘာအကာအကွယ်မှ ဝတ်မထားခဲ့တဲ့အတွက် လက်မောင်းနဲ့ ခန္ဓာကိုယ်အနှံ့ သွေးချင်းချင်းနီရဲကာ ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။ ဒီအမျိုးသားရဲ့အမည်ကို ကော်လ်တန်လို့ ဖော်ပြထားပြီး ဒီအဖြစ်အပျက်ကို လိုက်လံမှတ်တမ်းတင်နေခဲ့တဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူက “ဘယ်လောက် ကြောက်စရာကောင်းလိုက်သလဲ” လို့ သူ့ကို ပြောခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက်တော့ သူ့ကို မီချီဂန်ပြည်နယ်မှ သူငယ်ချင်းဖြစ်သူရဲ့ နေအိမ်ဆီကို ခေါ်ဆောင်သွားခဲ့ပြီး လိုအပ်တဲ့ ကုသမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ မေရာသတင်းမှာ ဇန်နဝါရီ ၂၂ ရက်နေ့က ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up