ထရမ့်ကျမ်းသစ္စာကျိန်ဆိုပွဲနှင့်ပတ်သက်ပြီး မီဒီယာများအား အိမ်ဖြူတော်ပြောခွင့်ရ ဝေဖန်

သမ္မတသစ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ပတ်သက်ပြီး မီဒီယာတွေဟာ “မှားယွင်းတဲ့ ရှက်စရာကောင်းတဲ့”သတင်းတွေကို တင်ဆက်ခဲ့ကြောင်း အသစ်စက်စက် အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ရှောင်စပိုက်ဆားက ဇန်န၀ါရီ ၂၁ ရက်က ပြောကြားလိုက်ပါတယ်။ “တိုင်းပြည်ကို စည်းလုံးအောင် သမ္မတက လုပ်နေပါတယ်။ ဒီအချက်က သူ့မိန့်ခွန်းမှာ အဓိကအချက်ဖြစ်ပါတယ်။ မရိုးသားတဲ့ သတင်းဌာနတွေကြောင့် နိုင်ငံကို စည်းလုံးအောင်လုပ်ဖို့ ပိုခက်ပါလိမ့်မယ်။ သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ တာဝန်ယူမှုနဲ့ ပတ်သက်ပြီး ယုံယုံကြည်ကြည်ရေးနေတဲ့ သတင်းမီဒီယာတွေလည်း အများကြီးရှိပါတယ်။ အဲဒီတော့ ခင်ဗျားတို့ကို အပြန်အလှန်ရှိဖို့ ကျနော်ပြောချင်ပါတယ်။ ကျနော်တို့ဘက်ကလည်း သတင်းမီဒီယာတွေကို ယုံကြည်မယ်။ ခင်ဗျားတို့ဘက်ကလည်း ယုံကြည်လောက်အောင် လုပ်ပါ။ အမေရိကန်ပြည်သူတွေဟာ ပိုကေင်းတဲ့ဘ၀ကို ထိုက်တန်ပါတယ်။ ဒါကို သမ္မတက ဆောင်ရွက်ပေးပါလိမ့်မယ်။ သူအဓိကထားတဲ့ အရာအားလုံးကို အမေရိကန်ပြည်သူတွေဆီ အမြဲတမ်း တိုက်ရိုက် သူပြောပါလိမ့်မယ်”လို့ ရှောင်စပိုက်ဆားက ရှင်းပြသွားပါတယ်။ အဲဒီနောက်ဆက်ပြီး “မနေ့က ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပရိသတ်အများဆုံး လာရောက်ခဲ့ပါတယ်။ ကိုယ်တိုင်လာတာရော တကမ္ဘာလုံးကနေ ကြည့်ရှုနေတာရော ပါပါတယ်။ New York Times သတင်းစာကတောင် ပွဲလာတဲ့ပရိသတ်နဲ့ ပတ်သက်ပြီး မသင့်လျော်တဲ့ ဓာတ်ပုံတွေကို သုံးခဲ့ပါတယ်။ သမ္မတကို တကယ့်အလေးအနက်ထား ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံတဲ့ပုံတွေကို မသုံးခဲ့ပါဘူး။ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒီလိုသေးငယ်အောင်လုပ်တာဟာ မှားယွင်းပြီး ရှက်စရာကေင်းပါတယ်” လို့ အိမ်ဖြူတော်ပြောခွင့်ရ ပုဂ္ဂိုလ်က ပစ်တင်ဝေဖန်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up