ထရမ့် ဆန့်ကျင်ဆန္ဒပြပွဲတွင် နာမည်ကြီးအဆိုတော်မက်ဒေါနား ပါဝင်လာ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်-ဒီစီမှာ ဇန်န၀ါရီ ၂၁ ရက်နေ့က သမ္မတ ထရမ့်ကို ဆန့်ကျင်ကန့်ကွက်တဲ့ လမ်းလျောက်ချီတက်ပွဲပြုလုပ်ခဲ့ပြီး နာမည်ကြီးအနုပညာရှင်တွေ၊ ၀ါရင့်စစ်သူရဲကောင်းတွေနဲ့အတူ လူဦးရေ ၅ သိန်းလောက် ပါဝင်ခဲ့ပါတယ်။ ချီတက်ပွဲမှာပါဝင်တဲ့ ကမ္ဘာကျော်အဆိုတော် မက်ဒေါနားက “ချစ်ချင်းမေတ္တာ အတွက် တိုက်ပွဲကနေ ကြိုဆိုပါတယ်”လို့ ပြောကြားသွားပါတယ်။ အဲဒီ့နောက် မက်ဒေါနားက “Express Yourself"  "Human Nature" ဆိုတဲ့ သီချင်းတွေကို သီဆိုခဲ့ပြီး ဆန္ဒပြသူတွေကလည်းအတူ ၀ိုင်းဝန်းသီဆိုခဲ့ကြပါတယ်။ နာမည်ကျော်ရုပ်ရှင်မင်းသမီး အက်ရှလေဂျဒ်ကလည်း “တိုင်းပြည်မှာ အပြောင်းအလဲကို သူမြင်ချင်ပေမယ့် အခုချိန်ထိ မမြင်ရသေးဘူး”လို့ ပြောကြားသွားပါတယ်။ ကမ္ဘာကျော် အမေရိကန်မင်းသမီး စကားလက် ယိုဟန်ဆန်ကလည်း “သမ္မတ ထရမ့်၊ ရှင့်ကို ကျမမဲမပေးခဲ့ပါဘူး။ အရွေးကောက်ခံသမ္မတအဖြစ် ရှင့်ကို ကျမလေးစားချင်ပါတယ်၊ ထောက်ခံချင်ပါတယ်။ ဒါပေမယ့် ရှင့်အနေနဲ့ ကျမကို ထောက်ခံဖို့၊ ကျမညီမအစ်မတွေကို ထေက်ခံဖို့၊ ကျမအမေကို ထောက်ခံဖို့ တကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေ အမျိုးသားတွေကို ထောက်ခံဖို့ အရင်ဆုံး တောင်းဆိုချင်ပါတယ်။” လို့ ပြောကြားသွားပါတယ်။ ဒီလမ်းလျေက်ချီတက်ပွဲမှာ နာမယ်ကြီး အထက်လွှတ်တော်အမတ်တွေလည်း ပါဝင်ပြီး အမျိုးသမီးအခွင့်အရေး ပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားဖို့ သမ္မတသစ် ထရမ့်ကို တောင်းဆိုသွားပါတယ်။ အမေရိကန်သမ္မတသစ် ထရမ့်ဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက အမျိုးသမီးတွေအပေါ် နှိမ့်ချဆက်ဆံတဲ့ စကားတွေကို ကျယ်ကျယ်ပြန့်ပြန့်ပြောခဲ့ဖူးပါတယ်။ ဒီ့အတွက် အခု သူသမ္မတအဖြစ် တာဝန်စယူချိန်မှာ အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန် ဒီစီမှာသာမက အိမ်နီးချင်းမက္ကဆီကို၊ ဗြိတိန်၊ အစ္စရေး၊ ဂရိ၊ ပေါ်တူဂီ၊ သြစတြေးလျ စတဲ့နိုင်ငံတွေမှာပါ အမျိုးသမီးတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို တပြိုင်တည်း ကျင်းပခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up