ဝမ်းတွင်မြို့တွင် ဟင်းအိုးတည်ရာမှ အပူလွန်ကဲပြီး နေအိမ်တလုံး မီးလောင်
DVB
·
January 22, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ အမှတ်(၂) ရပ်သိမ်တော်လေးရပ်ကွက် နေသူ ကိုဝင်းသန်းဆိုသူက ဇန်န၀ါရီ ၂၁ ရက် ညနေ ၅ နာရီခန့်က လျှပ်စစ်ဟင်းချက်ဒယ်အိုးနဲ့ ဟင်းနွေးထာရာမေ့ပြီး ယက္ကန်းခတ်သွားရာ အပူလွန်ကဲပြီး နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
“ရေဂါလန် ၈၀၀ လောက်သုံးပြီး သုံးမိနစ်ခန့် မီးငြှိမ်းသတ်ရတယ်။ မီးသတ်ယာဉ်ငါးစီး အရန် မီးသတ်တပ်ဖွဲ့ဝင် ၂၇ ဦးနဲ့ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းငြှိမ်းသတ်ခဲ့ရပါတယ်။” လို့ မီးသတ်ဦးစီမှူး ဦးကျော်မျိုးကပြောပြပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်းက ဒုရဲအုပ်အောင် ကိုကို က “ဆုံးရှုံးမှုတန်ဖိုး ၁၁၇၀၀၀ ကျပ် ပါ။ လျှပ်စစ်မီတာတလုံးလည်း မီးလောင်သွားတယ်”လို့ ပြောပါတယ်။
“မီးငြှိမ်းမယ့်သူတွေ ဝင်မယ်လုပ်ရင် အိမ်ထဲကခွေးက မီးလောင်နေတာ မထွက်ဘဲ ဝင်လာတဲ့သူတွေကို ကိုက်မလိုလုပ်နေတော့ ခွေးအရင်နှင်ထုတ်နေရတာနဲ့ မီးလောင်ကုန်တာ။ အတော်သစ္စာရှိတဲ့ခွေးပါ” လို့ သိမ်တော်လေးရပ်ကွက်နေသူ မနုနုဆွေကပြောပါတယ်။
အိမ်ပိုင်ရှင်ကိုဝင်းသန်းကို မီးပေါ့ဆမှုကြောင့် အမှုအမှတ်(ပ)၁၆/၂၀၁၇၊ ပြစ်မှုပုဒ်မ-၂၈၅ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)