Home
မြန်မာသတင်း
ဖားကန့်တွင် မူးယစ်ဆေးဝါး သိန်း ၁၈၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
January 22, 2017
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဘဇံခြောက်ကျေးရွာမှာ ဇန်နဝါရီ ၁၈ ရက် မနက် ၆ နာရီခွဲက အသက်၂၅ နှစ်အရွယ်လူငယ်တဦးထံမှ မူးယစ်ဆေးဝါး ကျပ် သိန်း ၁၈၉၀ တန်ဖိုးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရရှိပုံမှာ မိုးညှင်းခရိုင်မှ ရဲအုပ်မြင့်သူဦးစီးပြီး ဖားကန့် နယ်ထိန်းခေါင်းဆောင်ရဲအုပ် ခင်မောင်ဦးနဲ့ အဖွဲ့ဟာ ဆိပ်မူကျေးရွာအုပ်စု ဘဇံခြောက်ကျေးရွာနေ အားဖိန့် ၂၅ နှစ် နေအိမ်အား မယဆဝ ဝရမ်းအမှတ် ၁/၂၀၁၇ ဖြင့် ဝင်ရောက်ရှာဖွေရာ အားဖိန့်ကို နေအိမ်အိပ်ခန်းအတွင်း တွေ့ရှိရပြီး သံသေတ္တာအတွင်းမှ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါအမှုန့်အလေးချိန် ၁၂ ဂရမ်စီပါ ရောင်စုံဆပ်ပြာ ခွက် ၁၀၀ ခွက် စုစုပေါင်းအလေးချိန် ၁၂၀၀ ဂရမ်၊ ကာလတန် ဖိုးသိန်း တစ်ထောင့်တစ်ရာ လေးဆယ်သိန်းနဲ့ ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ (88/1)စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြားများ တအိတ်လျှင်အပြား ၂၀၀ စီ နဲ့ ၇၅ အိတ် စုစုပေါင်း ၁၁၄၀၀ ပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၇၅၀ တန်ဖိုးတို့ကို ဖမ်းဆီး ရမိခဲ့ပါတယ်။ ရဲအုပ်မြင့်မြင့်သူမှ တရားလိုပြုလုပ်ပြီး အားဖိန့်ကို  မယ(ပ)၁၃/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)၂၀(က)/၂၁ နဲ့ အရေးယူ ဆောင်ရွက်နေပါတယ်။ မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024