လီဗာပူးလူငယ်အသင်း နည်းပြအဖြစ် ဂျရတ် စတင်တာဝန်ယူ

အင်္ဂလန်အသင်းနဲ့ လီဗာပူးကစားသမားဟောင်း စတီဗင် ဂျရတ်ဟာ လီဗာပူးလူငယ်အသင်း နည်းပြအဖြစ်စတင်တာဝန်ယူနေပြီဖြစ်ပါတယ်။ အသက် ၃၆ နှစ်ရှိ ဂျရတ်ဟာ ၂၀၁၄ ခုနှစ်က လီဗာပူးအသင်းကနေ မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဇီ အသင်းဆီပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး  ကစားသမားဘ၀အနားယူအပြီးမှာ လီဗာပူးအသင်းဆီ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ လီဗာပူ အသင်းလူငယ်နည်းပြအဖြစ် ကိုင်တွယ်ခွင့်ရတဲ့အတွက် နည်းပြအတွေ့အကြုံ များစွာရရှိမှာဖြစ်ပြီး လူ ငယ်ကစားသမားတွေကိုလည်း အတွေ့အကြုံနဲ့ ဘောလုံးပညာတွေ မျှဝေသွားမှာဖြစ်တယ်လို့ ဂျရတ် ကပြောပါတယ်။ ကစားသမားဘ၀က အနားယူအပြီးမှာ လိဂ်ဝမ်းကလပ် MK ဒွန်းအသင်းက ဂျရတ် ကို နည်းပြချုပ်အဖြစ် ခန့်အပ်ဖို့ကမ်းလှမ်းခဲ့ပေမယ့် ဂျရတ်ကပယ်ချခဲ့ပါတယ်။ အသက် ၃၆ နှစ်ရှိ ဂျရတ်ဟာ ၁၉၉၈ ခုနှစ်ကတည်းက လီဗာပူးအသင်းမှာ စတင်ကစားခဲ့တာဖြစ်ပြီး သူ့ရဲ့လီဗာပူးကစာသမားဘ၀ ၁၇  ရာသီအတွင်းမှာ ပွဲပေါင်း ၇၁၀ ကစားပြီး ၁၈၆ ဂိုးသွင်းယူခဲ့ပါတယ်။ ဆုဖလားအောင်မြင်မှုအနေနဲ့  ဥရောပချန်ပီယံဆုဖလားအပါအ၀င် လီဗာပူးအသင်းနဲ့အတူ ဆုဖလား ၉ လုံးရရှိယူနိုင်ခဲ့တဲ့ ကစားသမား ဟောင်းတဦးဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up