ရန်ကုန် တိရစ္ဆာန်ရုံနှစ် ၁၁၁ နှစ်ပြည့်ပွဲတော် ကျင်းပ၊ ဆင်မကြီးမိုမိုကို အနားပေးပြီ
DVB
·
January 21, 2017
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ ၁၁၁ နှစ်မြောက်အခမ်းအနားကို ဇန်န၀ါရီ ၂၁ ရက် ကနေ ၂၅ ရက် အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ပွဲတော်နေ့တွေမှာ ဈေးရောင်းပွဲတော်နဲ့ အတူ တိရစ္ဆာန်လေးတွေရဲ့ အကအလှတွေအပြင် မျက်လှည့်၊ ဆပ်ကပ်ဖျော်ဖြေမူတွေနဲ့ တင်ဆက်နေတာပါ။
တိရစ္ဆာန်ရုံရဲ့သက်တမ်းအရှည်ကြာဆုံးနေ့ လူစိတ်ဝင်စားမူ အများဆုံးဖြစ်တဲ့ ဆင်မကြီးမိုမိုကိုတော့ အသက် ၆၄ နှစ်ပြည့်ပြီးဖြစ်တဲ့အတွက်ကြောင့် ကပြဖျော်ဖြေမူကနေ အနားပေးလိုက်ပါပြီ။
ရန်ကုန်တိရစ္ဆာန်ရုံမှာဆိုရင် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၀ ကျော်နဲ့ အကောင်ရေ ၁၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။