ပါကစ္စတန် တိုင်းရင်းသားဒေသ ဟင်းသီးဟင်းရွက်ဈေးထဲ ဗုံးကွဲ၊ ၂၁ ဦး သေဆုံး

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံနယ်စပ် ပါကစ္စတန်ဘက်ခြမ်း တိုင်းရင်းသားဒေသက ဟင်းသီးဟင်းရွက် ရောင်းတဲ့ ဈေးထဲမှာ ထောင်ထားတဲ့ဗုံး ဇန်န၀ါရီ ၂၁ ရက်နေ့က ပေါက်ကွဲခဲ့လို့ လူအနည်းဆုံ ၂၁ ဦး သေဆုံးတယ်လို့ အရာရှိတဦးက ပြောပါတယ်။ ကာရမ်ဒေသတွင်း ပေါက်ကွဲမှုကြောင့် လူ အယောက် ၄၀ လောက်လည်း ဒဏ်ရာရပါတယ်။ သေဆုံးသူတွေဟာ တိုင်းရင်းသား လူမျိုးစုဝင်တွေ ဖြစ်ပြီး အားလုံးကို စုပေါင်း သဂြိုဟ်မယ်၊ အဲဒီနောက် တိုက်ခိုက်မှုအတွက် ဆန္ဒပြမယ်လို့ ဒေသခံ အမျိုးသားညီလာခံအဖွဲ့ဝင် တဦးက  ပြောပါတယ်။ ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းရင်းကတော့ အစီရင်ခံစာတွေထဲမှာ အမျိုးမျိုး ဖြစ်နေတာပါ။ တချို့က အိမ်လုပ်ဗုံးကြောင့် ပြောသလို တချို့က အသေခံ ဗုံးခွဲသမားကြောင့်လို့ ပြောပါတယ်။ ပါရာချီနာ ပြည်နယ်အတွင်း အရင်က တာလီဘန် စစ်သွေးကြွတွေ တက်တက်ကြွကြွ လှုပ်ရှားခဲ့ ဖူးပါတယ်။ မြို့တွင်းမှာလည်း ဆွန်နီနဲ့ ရှီးယိုက် မွတ်စလင်တွေကြား လူမျိုးရေး တင်းမာနေပါတယ်။ ဒဏ်ရာရသူတွေကို ပုဂ္ဂလိကပိုင် ကုန်ကားတွေ၊ လူစီးကားတွေနဲ့ ဆေးရုံကို တင်ပို့ခဲ့ပါတယ်။ လူနာတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်တွေကို တာဝန်ပေး စေလွှတ်ထားတယ်လို့ ပါကစ္စတန် စစ်တပ်က  ကြေညာချက် ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up