လက်ဖက်ခြံအတွင်း အမျိုးသမီး ၃ ဦး မိုင်းထိ၊ ၁ ဦးသေ
DVB
·
January 21, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ အုံမုကျေးရွာအုပ်စု၊ အထက်မန်လွယ်ရွာမှာနေထိုင်တဲ့ အမျိုးသမီး ၃ ဦးဟာ ဒီကနေ့၇ နာရီခွဲ လောက်က လက်ဖက်ခြံအတွင်း မိုင်းထိလို့ ၁ ဦးသေ၊ ၂ ဒဏ်ရာရာရှိခဲ့ပါတယ်။
“တယောက်ကတော့ သီပေါဆေးရုံမှာ ဆုံးသွားတယ်။ ဒဏ်ရသူ ၂ ထဲက ခြေနှစ်ဖက်လုံးဒဏ်ရာတဲ့ ၁ ယောက်ကိုတော့ အခုလားရှိုးဆေးရုံကို ပို့လိုက်ပါပြီ။ ကျန် ၁ ဦးကတော့ သိပ်ဒဏ်ရာမပြင်းတာကြောင့် သီပေါဆေးရုံမှာပဲ ဆေးဝါးကုသမှုခံယူနေပါတယ်" လို့ သီပေါမြို့၊ ဇတ်စုလူမှုကူရေးအဖွဲ့က ပြောပါတယ်။
မနေ့က ဇန်န၀ါရီ ၂၀ ရက်နေ့ နေ့လယ်ကလည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့ကနေ လားရှိုးကိုလာတဲ့ ကား ၂ စီး ဆွဲမိုင်းထိလို့ ၁ ဦးသေပြီး ရဲတပ်ဖွဲ့ ၅ ဦးနဲ့ အရပ်သားပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။