ဒေါ်နယ်ထရမ့်အား ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်၊ ၂၀၀ ကျော်ဖမ်းခံရ (ရုပ်သံ)

ဇန်နဝါရီလ ၂၀ ရက်နေ့က ဝါရှင်တန်မှာ ကျင်းပတဲ့ ထရမ့်ပ်ကျမ်းသစ္စာကျိန်ဆိုပွဲ အနီးအနားမှာ ထရမ့်ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတွေက ကျောက်ခဲတွေနဲ့ ပစ်ခတ်ပြီး ကားတွေကို ဖျက်ဆီးခဲ့ကြပါတယ်။ အဲဒီနောက် ဆန္ဒပြသူ ၂၁၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ရဲ ၆ ဦးလည်း ဒဏ်ရာရသွားတယ်လို့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေနဲ့ ဆန္ဒပြသူတွေကို ရဲတွေက မီးခိုးဗုံးတွေနဲ့ ပစ်တာကိုလည်း ရုပ်သံထဲမှာ မြင်ရမှာပါ။ ဆန္ဒပြသူတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် အရေးပေါ် ရရှိတဲ့ ဒဏ်ရာတွေအတွက် အနည်းဆုံး ဝါရှင်တန်ဒီစီ ရဲအရာရှိ ၂ ဦးနဲ့ လူ ၁ ဦးကို ဆေးရုံကို ပို့လိုက်ရတယ်လို့ ဝါရှင်တနိဒီစီရဲ့ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ဗီတိုမက်ဂီရိုလိုက စီအန်အန် သတင်းဌာနကို ပြောပါတယ်။ ရဲတွေအားလုံး ရတဲ့ ဒဏ်ရာတွေက အသေးစားတွေနဲ့ အသက်အန္တရာယ် မရှိပါဘူး။ ဒါပေမယ့် သူတို့ထဲက ၃ ဦးကတော့ ခေါင်းတွေမှာ ဒဏ်ရာတွေ ရထားတယ်လို့ ဒီစီရဲ့ ယာယီရဲချုပ် ပီတာနယူးစ်ဟမ်းမ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up