Home
မြန်မာသတင်း
ရခိုင်နှင့် တိုက်ပွဲအရေး စိုးရိမ်ဟု ဗြိတိန်ဝန်ကြီး ပြော
DVB
·
January 21, 2017
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ရခိုင်အရေးနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ကိစရပ်တွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မိတယ်လို့ ပြောလိုက်ပါတယ်။ ဇန်န၀ါရီ ၂၀ ရက်က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ပြောခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်ရှိဗြိတိန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ “နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့ ရခိုင်ပြည်နယ်က အရေးကိစ္စနဲ့ အခြားနေရာ ဒေသတွေမှာ စစ်ရေး ဆောင်ရွက်ချက်တွေကို ပူပန်မိကြောင်းလည်း ပြောကြားခဲ့ပါတယ်။” ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ အစိုးရ ပြုပြင်ပြောင်း လဲရေး ကိစ္စရပ်များ၊ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေမှာ ဗြိတိန်ရဲ့ အထောက်အပံ့ ကိစ္ဇများ၊ နှစ်နိုင်ငံကြား နှစ်ဖက် အကျိုးရှိမယ့် စီးပွားရေး အခွင့် အလမ်းများ ဘယ်လို တိုးပြီး လုပ်ဆောင် ရမလဲ ဆိုတဲ့ ကိစ္စတွေ အပါအဝင် ကိစ္စရပ် အများ အပြားကို ဆွေးနွေးခဲ့ကြတယ်လို့ သံရုံးသတင်းမှာ ဖော်ပြပါတယ်။ ဗြိတိန်ဝန်ကြီးက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လပ်ငန်းစဉ်ကို ဗြိတိသျှအစိုးရက ပံ့ပိုးသွားမယ့် အျကြာင်းနဲ့ ရခိုင်ပြည်နယ်က လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းတဲ့ နေရာမှာ ဗြိတိန်က ကူညီဖို့ အဆင်သင့်ရှိကြောင်း တွေကိုလည်း ထပ်လောင်း ပြောကြား ခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီး ဘောရစ်ဂျွန်ဆင်ဟာ ဒီနေ့မနက်ပိုင်းမှာတော့  ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ရုံးခန်းသို့ သွားရောက်ခဲ့ပြီးဝန်ကြီးများရုံးကိုလည့်း သွားရောက် လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ ၀န်ကြီးဟာ ရန်ကုန်မှာ ရခိုင်ကော်မရှင်အဖွဲ့ ၀င်တွေ အရပ်ဖက်အဖွဲ့အစည်းတွေ ခေါင်းဆောင်တွေ တိုင်းရင်းသားအုပ်စုတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအကြောင်းဆွေးနွေးမှာဖြစ်ပြီး မြန်မာနဲ့ ဗြိတိန် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လည်းတွေ့ဖို့ရှိသလို ရွှေတိဂုံဘုရားနဲ့ ရန်ကုန်ဆေးရုံကြီးကိုလည်း သွားဖို့ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024