အမြန်လမ်းပေါ် ကားမီးလောင်ပြီး လူ ၈ ဦး သေဆုံး
DVB
·
January 21, 2017
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ကားတစီး လမ်းလယ်ကျွန်းတိုက်မိ တိမ်းမှောက်ပြီး ကားမီးလောင်ခဲ့လို့ လူ ၈ ဦး မီးလောင် သေဆုံးခဲ့ပါတယ်။
ဒီနေ့မနက် ၈ နာရီခွဲမှာ ဦးဝင်းထွန်း ဆိုသူ မောင်းနှင်တဲ့ ဟိုင်းအေ့စ်ကားဟာ မိုင်တိုင် ၄/၂ - ၄/၃ ကြားမှာ ရှေညာဘီးပေါက်ပြီး လမ်းလယ်ကျွန်းကို တိုက်မိတယ်။
အဲ့ဒီနောက် ကားမီးလောင်မှုဖြစ်ပွားပြီး ကားပေါ်ပါ လူ ၉ ဦး အနက် ၈ ဦး သေဆုံးခဲ့တယ်။ ကျား ၁ ဦး မ ၇ ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ အမြန်လမ်းအင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကားမှောက်မှုနဲ့ ပတ်သက်ပြီး အမှတ် (၃) အမြန်လမ်းရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။