Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေ
DVB
·
January 21, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ရန်ကုန်မန္တလေး ရထားသံလမ်း မိုင်တိုင်အမှတ် ၃၃၄/၁ မှာ ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိပြီး ၁ ဦးသေဆုံးသွားခဲ့ပါတယ်။ “မနက်အစောကြီး ကျေးရွာချင်းဆက်ထားတဲ့ မြေသားလမ်းပေါ်မှာ မျက်နှာချင်းဆိုင်မိတယ်။ မျက်စိမီးစူးပြီး တိုက်ကြတယ်လို့ထင်တယ်။ အရှိန်တွေကများတော့တိုက်ပြီး လွင့်ကုန်ကြတယ်” လို့ ထန်းပင်ကုန်းရွာနေသူ တဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ တောင်ဘက်က ဂျစ်တူး မောင်းနှင်လာတဲ့ FZ ဆိုင်ကယ်နဲ့ မြောက်ဘက်မှ ဖိုးလုံး(ခေါ်) မင်းထိုက်စံ မောင်းနှင်လာတဲ့ ANBO ဆိုင်ကယ်တို့ ဇန်န၀ါရီ ၂၁ ရက် မနက် ၄ နာရီ လောက်က မျက်နှာချင်းဆိုင်တိုက်မိပြီး နှစ်ဦးလုံးဒဏ်ရာရခဲ့လို့ ကူမဲဆေးရုံ တင်ပို့ခဲ့ပါတယ်။ “ဂျစ်တူးက နဖူးချိုင့်ဝင်ပြီး ဝဲဘက်နားက သွေးထွက်နေတယ်။ ဖိုးလုံးက နဖူးနဲ့ ယာမျက်ခုံးဖူးရောင်ပြီး ရင်ဘတ်အောင့်တယ်ဆိုလို့ ဒဏ်ရာရရှိတဲ့ နှစ်ဦးလုံး ကူမဲဆေးရုံပို့ရတယ်။ ဂျစ်တူးကတော့ ကူမဲဆေးရုံမှာ သေဆုံးသွားတယ်” လို့ စခန်းမှူး ရဲအုပ်ကျော်စိုးနိုင်က ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ဂျစ်တူးနဲ့ ဖိုးလုံး(ခေါ်) မင်းထိုက်စံတို့ကို ရွှေတောင်ရဲစခန်း ဒုရဲအုပ် ခင်မောင်တင့်မှ အမှုအမှတ်ယာဉ်(ပ)၉/၂၀၁၇ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး မိမိနဲ့ အခြားသူဒဏ်ရာရရှိစေတဲ့ ပြစ်မှုပုဒ်မ-၃၃၈၊ သေဆုံးမှုပြစ်မှုပုဒ်မ- ၃၀၄(က) အရ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024