အဲဗာတန်တောင်ပံတိုက်စစ်မှူး ဒယ်လိုဖူ အသင်းမှ ထွက်ခွာရန်နီးစပ်

အဲဗာတန်တောင်ပံတိုက်စစ်မှူး ဒယ်လိုဖူဟာ ဒီနှစ် ဇန်န၀ါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပါတယ်။ အသက် ၂၂ နှစ်ရှိ ဘာစီလိုနာအကယ်ဒမီထွက် ဒယ်လိုဖူကို အီတလီကလပ် အေစီမီလန်အသင်းက အငှား စာချုပ်နဲ့ကမ်းလှမ်းခဲ့ပြီး ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့ စီစဉ်ထားပေမယ့် အဲဗာတန်အသင်းက ပယ်ချလိုက်တယ်လို့ သိရပါတယ်။ ဒယ်လိုဖူဟာ အဲဗာတန်အသင်းမှာ ခြေစွမ်းပြနေပေမယ့် လူစားဝင်ကစားသမားအဖြစ်သာ ကစားနေရတာဖြစ်ပါတယ်။ နယ်သာလန်ကလပ်အေဂျက်ဇ်နဲ့ ဂျာမနီကလပ်ဝုဖ်ဘက်အသင်းတို့ကလည်း ဒယ်လိုဖူကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ဆန်းဒါးလန်း၊ ဆောက်သမ် တန်၊ ခရစ္စတယ်ပဲလေ့နဲ့ ဆွမ်ဆီးအသင်းတို့ကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ ဒယ်လိုဖူဟာ ၂၀၁၃ ခုနှစ်က ဘာစီလိုနာအသင်းကနေ အဲဗာတန်အသင်းဆီ အငှားစာချုပ် နဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး အဲဗာတန်အသင်းက အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အဲဗာတန်အသင်းနဲ့အတူ စုစုပေါင်း ၇၅ ပွဲမှာ ၈ ဂိုး သွင်းယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up