တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ်ကုန် ပမာဏ ၆ ဒသမ ၇ ရာခိုင်နှုန်း တိုးလာ

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း တရုတ်နိုင်ငံကြီးရဲ့ ဂျီဒီပီ ပြည်တွင်းထုတ်ကုန် ပမာဏဟာ မျော်လင့်ထားတဲ့အတိုင်း ၆ ဒသမ ၇ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း အမျိုးသားစာရင်း အင်းဌာန အန်ဘီအက်စ် အကြီင်္းအကဲက ဇန်န၀ါရီ ၂၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဒါဟာ မူလမျှော်မှန်းချက်ဖြစ်တဲ့ ၆ ဒသမ ၅ ရာခိုင်နှုန်း နဲ့ ၇ ရာခိုင်နှုန်း ကြားမှာ ကျရောက်နေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အန်ဘီအက်စ် အကြီင်္းအကဲက “တိုင်းပြည်ရဲ့စီးပွားရေးဟာ တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန်တိုးတက်နေပါတယ်။ ဒါဟာ ၁၃ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကို ပြည့်မီနိုင်တဲ့ ကောင်းမွန်တဲ့ အစပျိုးမှုဖြစ်ပါတယ်။ ပြည်တွင်းထုတ်ကုန်ပမာဏဟာ ယွမ်ငွေ ၇၄ ဒသမ ၁၄ ထရီလီယမ် ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅-နဲ့ နှိုင်းယှဉ်ရင်  ၆ ဒသမ ၇ ရာခိုင်နှုန်း ကျော် တိုးလာပါတယ်။ ၄ လတကြိမ်နှုန်းနဲ့ အတိအကျပြောမယ်ဆိုရင် ပထမ ၄ လပတ်မှာ ၆ ဒသမ ၇ ရာခိုင်နှုန်း၊ ဒုတိယ ၄ လပတ်မှာ ၆ ဒသမ ၇ ရာခိုင်နှုန်း နဲ့ တတိယလေးလပတ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်း မှန်မှန်တိုးလာခဲ့ပါတယ်။” လို့ သတင်းထောက်တွေကို ရှင်းပြခဲ့ကြောင်း ဘေကျင်းကပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up