ရေအားလျှပ်စစ် စက်ငယ်လေးတွေကြောင့် အင်ဒိုနီးရှား ကျေးလက်တွေမှာ လျှပ်စစ်မီးရရှိ
DVB
·
November 24, 2011
အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးဟာ စန်းပွင့်တိုးတက်နေပါတယ်။ ၆ နှစ်အတွင်းမှာ ၂၀၁၀ ခုနှစ်ဟာ စီးပွားရေး တိုးတက်မှု အမြန်ဆုံးနှစ်ဖြစ်ပြီး၊ လာမယ့်နှစ်တွေမှာလည်း နှေးကွေးကျဆင်းသွားမယ့်ပုံ မရှိသေးပါဘူး။ ဒီလိုတိုးတက်နေပေမဲ့ အင်ဒိုနီးရှားရဲ့ ဖွံ့ဖြိုးရေးက အားလုံးအတွက် အညီအမျှ မရှိပါဘူး။ အင်ဒိုနီးရှား နိုင်ငံသား ၄၀ ရာခိုင်နှုန်းနီးပါးက လျှပ်စစ်မီး မရရှိကြပါဘူး။ မီးစက်တွေလည်း မရှိသေးပါဘူး။ ဒါပေမဲ့ ‘ထရိုင် မွန်ပူနီ’ ဆိုတဲ့ အမျိုးသမီးက ရွာတွေမှာ အဲဒီလျှပ်စစ်မီးမရှိတဲ့ အခြေအနေကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေပါတယ်။ အီဘေကာ (Ibeka) လို့ခေါ်တဲ့ သူတို့ အဖွဲ့က လက်ရှိ အမှောင်ထဲမှာနေ နေရတဲ့ အင်ဒိုနီးရှားနိုင်ငံသား သန်း ၉၀ ကျော်အတွက် ရေအားကို အသုံးပြုထုတ်လုတ်တဲ့ micro-hydro စက်ကနေ လျှပ်စစ်မီးရရှိဖို့ ဆောင်ရွက်ပေးနေတဲ့အကြောင်း သတင်းထောက် ‘အက်စ်သာဒီဂျုံး’ (Esther de Jong)က အင်ဒိုနီးရှား အရှေ့ဘက် ဆွန်ဘာကျွန်းကို သွားရောက်ပြီး စွမ်းအင်စီမံကိန်းအကြောင်း သတင်းပေးပို့ထားတာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးကစီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။