ဟားစီးတီးကွင်းလယ်လူကို ၀က်စ်ဘရွန်းအသင်း ပေါင် ၁၀ သန်းဖြင့် ခေါ်ယူ

ဝက်စ်ဘရွန်းအသင်းဟာ ဟားစီးတီးကွင်းလယ်ကစားသမား လစ်ဗာမိုးကို ပေါင် ၁၀ သန်းနဲ့ အပြီးသတ်စာချုပ် ခေါ်ယူလိုက်ပါတယ်။ အသက်၂၇ နှစ်ရှိ အင်္ဂလန်ကစားသမားလစ်ဗာမိုးဟာ စပါးအကယ်ဒမီထွက်ကစားသမား တစ်ဦးဖြစ်ပြီး ၀က်စ်ဘရွန်းနဲ့ ၄ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လစ်ဗာမိုးဟာ ဘောလုံးကျွမ်းကျင်မှုကောင်းမွန်ပြီး စပါးအသင်းမှာ ရှိစဉ်ကတည်းက ကြိုက်နှစ်သက်တဲ့ကစားသမားဖြစ်တယ်လို့ ၀က်စ်ဘရွန်းနည်းပြ တိုနီပူးလစ်က  ပြောပါတယ်။ လစ်ဗာမိုးဟာ ၂၀၁၂ ခုနှစ်က အင်္ဂလန်လက်ရွေးစင်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရပြီး လက်ရှိအချိန်ထိ လက်ရွေးစင်အသင်းမှာရွေးချယ်ခံရခြင်းမရှိတော့ပေမယ့် အင်္ဂလန်အသင်းမှာ ကစားဖို့ထိုက်တန်တယ်လို့လည်း ၀က်စ်ဘရွန်းနည်းပြက ပြောပါတယ်။ အသက်၂၇ နှစ်ရှိ ကွင်းလယ်ကစားသမား လစ်ဗာမိုးဟာ ဟားလ်စီးတီးအသင်းမှာ ကစားခဲ့ တဲ့ လေးရာသီအတွင်း မှာ ၁၄၄ ပွဲကစားခဲ့ပြီး ၉ ဂိုးသွင်းယူခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up