A d v e r t i s e m e n t With Us

ရေအား​လျှပ်စစ် စက်ငယ်​လေး​တွေ​ကြောင့်​ အင်ဒိုနီး​ရှား​ ​ကျေး​လက်​တွေမှာ လျှပ်စစ်မီး​ရရှိ

အင်ဒိုနီး​ရှား​နိုင်ငံ စီး​ပွား​ရေး​ဟာ စန်း​ပွင့်​တိုး​တက်​နေပါတယ်။ ၆ နှစ်အတွင်း​မှာ ၂၀၁၀ ခုနှစ်ဟာ စီး​ပွား​ရေး​ တိုး​တက်မှု အမြန်ဆုံး​နှစ်ဖြစ်ပြီး​၊​ လာမယ့်​နှစ်​တွေမှာလည်း​ ​နှေး​ကွေး​ကျဆင်း​သွား​မယ့်​ပုံ မရှိ​သေး​ပါဘူး​။ ဒီလိုတိုး​တက်​နေ​ပေမဲ့​ အင်ဒိုနီး​ရှား​ရဲ့​ ဖွံ့​ဖြိုး​ရေး​က အား​လုံး​အတွက် အညီအမျှ မရှိပါဘူး​။ အင်ဒိုနီး​ရှား​ နိုင်ငံသား​ ၄၀ ရာခိုင်နှုန်း​နီး​ပါး​က လျှပ်စစ်မီး​ မရရှိကြပါဘူး​။ မီး​စက်​တွေလည်း​ မရှိ​သေး​ပါဘူး​။ ဒါ​ပေမဲ့​ ‘ထရိုင် မွန်ပူနီ’ ဆိုတဲ့​ အမျိုး​သမီး​က ရွာ​တွေမှာ အဲဒီလျှပ်စစ်မီး​မရှိတဲ့​ အ​ခြေအ​နေကို ​ပြောင်း​လဲပစ်ဖို့​ ကြိုး​စား​နေပါတယ်။ အီ​ဘေကာ (Ibeka) လို့​ခေါ်တဲ့​ သူတို့​ အဖွဲ့​က လက်ရှိ အ​မှောင်ထဲမှာ​နေ ​နေရတဲ့​ အင်ဒိုနီး​ရှား​နိုင်ငံသား​ သန်း​ ၉၀ ​ကျော်အတွက် ​ရေအား​ကို အသုံး​ပြုထုတ်လုတ်တဲ့​ micro-hydro စက်က​နေ လျှပ်စစ်မီး​ရရှိဖို့​ ​ဆောင်ရွက်​ပေး​နေတဲ့​အ​ကြောင်း​ သတင်း​ထောက် ‘အက်စ်သာဒီဂျုံး​’ (Esther de Jong)က အင်ဒိုနီး​ရှား​ အ​ရှေ့​ဘက် ဆွန်ဘာကျွန်း​ကို သွား​ရောက်ပြီး​ စွမ်း​အင်စီမံကိန်း​အ​ကြောင်း​ သတင်း​ပေး​ပို့​ထား​တာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​ကစီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up