ဆီးရီးယား ရှေးဟောင်း ပယ်လ်မိုင်ရာမြို့က ဘဲဥပုံပြဇာတ်ရုံကြီးကို အိုင်အက်စ် ဖျက်ဆီး

အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်တွေဟာ ဆီးရီးယားနိုင်ငံရှိ ပယ်လ်မိုင်ရာ ရှေးဟောင်းမြို့က ဘဲဥပုံရောမပြဇာတ်ရုံကြီးရဲ့ တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးခဲ့တယ်လို့ ဆီးရီးယားအာဏာပိုင်တွေက ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ ဒုတိယရာစုနှစ်က ရှေးဟောင်းဘဲဥပုံ ပြဇာတ်ရုံကြီးရဲ့ အရှေ့ပိုင်းနဲ့ တက်ထရာပိုင်လွန်လို့ခေါ်တဲ့ လေးဖက်လေးတန် ရောမအထိမ်းအမှတ် ကျောက်တိုင်ကြီးကို ဖျက်ဆီးခဲ့ကြတာလို့ နိုင်ငံရဲ့ သတင်းဌာနက ထုတ်ပြန်သွားပါတယ်။ အိုင်အက်စ် ဂျီဟက်အုပ်စုတွေဟာ ယူနက်စ်ကိုစာရင်းဝင် ရှေးဟောင်းသုတေသနဆိုင်ရာ နယ်မြေတွေကို အစိုးရတပ်တွေထံမှ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြန်လည် သိမ်းယူခဲ့တာဖြစ်ပြီး အရင်အကြိမ်ကလည်း အဲ့ဒီရှေးဟောင်းနေရာတွေကို မတ်လ ၂၀၁၆ ခုနှစ်အထိ ၁၀ လလောက် သိမ်းယူခဲ့တာပါ။ ရုရှားကြောထောက်နောက်ခံ အစိုးရတပ်တွေရဲ့ တိုက်ထုတ်မှုမခံရခင်ကလည်း အိုင်အက်စ်တွေဟာ အခြား ရှေးဟောင်း အထိမ်းအမှတ် အဆောက်အဦ မော်ကွန်းတိုင် ရုပ်တုတွေကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up