ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မျက်စိခွဲစိတ်ကုသမှုခံယူ (သတင်းဓာတ်ပုံ)
DVB
·
January 20, 2017
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇန်န၀ါရီ ၁၉ ရက် မနက်က နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးမှာ ၀ဲဘက်မျက်စိအတွင်းတိမ် ခွဲစိတ်ကုသမှုခံယူခဲ့တယ်လို့ တပ်မတော်ကသတင်းထုတ်ပြန်ပါတယ်။
မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဦးသန်းအောင်နဲ့ ပါမောက္ခ ဒုဗိုလ်မှူးကြီးသိန်းအောင်(အငြိမ်းစား)တို့က ကာကွယ်ရေးဦးစီးချုပ်ရဲ့ မျက်စိအတွင်းတိမ်အား ခွဲစိတ်ပြီး မျက်တွင်းမှန်ဘီလူးအစားထိုးကုသမှု အောင်မြင်စွာလုပ်ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၆ ရက်ကလည်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ယာဘက်မျက်စိကို အောင်မြင်စွာခွဲ စိတ်ကုသပြီးစီးခဲ့တယ်လို့ သိရပါတယ်။ မျက်စိအတွင်းတိမ်ရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး မျက်စိရောဂါတစ်ခုဖြစ်ပါတယ်။