Home
မြန်မာသတင်း
အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်အား ခဲဖြင့် ပေါက်သူ ၂ ဦးကို ဖမ်းဆီးအရေးယူ
DVB
·
January 20, 2017
ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၀၈/၄-၅)ကြားမှာ ဇန်န၀ါရီ ၁၉ ရက်နေ့က မကွေးကနေ မန္တလေးဘက်လာတဲ့ ပန်တော်ဦး ခရီးသည်တင်ယာဉ်အား ခဲနဲ့ပေါက်တဲ့ လူငယ် ၂ ဦးကို ဖမ်းဆီးအရေးယူထားပါတယ်။ လူငယ် ၂ ဦးက ခဲနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ယာဉ်ရဲ့ ယာဘက်နောက်တံခါးမှန်ကွဲအက်ခဲ့လို့ တန်ဖိုးငွေကျပ် ၆ သိန်းခွဲဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာများ ဖြော်ပထားပါတယ်။ ယာဉ်မောင်း နန်းအောင်နဲ့အဖွဲ့ အဆိုပါလူနှစ်ဦးအား လိုက်လံဖမ်းဆီးရာ မလှိုင်မြို့နယ်၊ ကူးကြီးကျေးရွာနေ ကျော်နိုင်ဝင်း ၂၀) နှစ်ကို ဖမ်းဆီးရမိခဲ့လို့ သီးကုန်းအမြန်လမ်းမကြီး ရဲစခန်းကို လာရောက်အပ်နှံခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်တွေ စစ်ဆေးရာ သူနဲ့အတူ တစ်ရွာတည်းနေ ဖိုးသား(ခ)ချစ်စမ်းမောင်က (၁၇) နှစ် ထန်းရည်မူးပြီး ခဲနဲ့ပစ်ပေါက်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ ကျော်နိုင်ဝင်းနဲ့ ဖိုးသား(ခ)ချစ်စမ်းမောင် တို့ကို သီးကုန်းအမြန်လမ်းမကြီးရဲစခန်း(ပ)၆၁/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉-က အရ အရေးယူထားကြောင်းတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024