Live
Home
မြန်မာသတင်း
မိုင်းပန်မြို့နယ်တွင် ကျပ်သိန်း ၅၅ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
January 20, 2017
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် တာဆန်း ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ကာလတန်ဖိုး ကျပ်သိန်း ၅၅၂ဝ ခန့်တန်ဖိုးရှိ ဘိန်းညိုမှုန့်နဲ့ ဘိန်းညိုခဲတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ လင်းခေးခရိုင် မိုင်းပန်မြို့နယ် တာဆန်းပူးပေါင်းစစ်ဆေးရေးစခန်းမှာ ဇန်န၀ါရီ ၁၄ ရက်နေ့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ၊ တာဆန်းရဲကင်းတပ်ဖွဲ့ဝင်တွေ၊ လင်းခေးခရိုင် မှုခင်းနှိမ်နင်းရေးနဲ့ နယ်မြေခံတပ်တွေက သက်သေတွေအတူ မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေ ရှာဖွေစစ်ဆေးရာမှ သိမ်းဆည်းရမိခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာ ဖော်ပြထားပါတယ်။ မိုင်းပန် မြို့ဘက်ကနေ မိုင်းတုံမြို့ဘက်ကို ယာဉ်မောင်း ခွန်မောင်သိန်း မောင်းနှင်ပြီး ဦးကောပေါလု လိုက်ပါလာသည့် 9G\....NISSAN NAVARA ခဲရောင်ယာဉ်ကို ရှာဖွေစစ်ဆေးရာ မော်တော်ယာဉ်နောက် ဘော်ဒီကြမ်းခင်း အံဝှက်အတွင်း ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ ဘိန်းညိုမှုန့် (၃၆ ကီလိုဂရမ်ခန့်) နဲ့ ဘိန်းညိုခဲ (၁ဝ ကီလိုဂရမ်ခန့်) ကာလတန်ဖိုး ကျပ်သိန်း ၅၅၂ဝ ဖိုးလောက် ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ခွန်မောင်သိန်း(၃၃)နှစ်၊ ဦကော ပေါလု(၅၃)နှစ် ကောင်းမူဗွာရွာ ဆီဆိုင်မြို့နယ်နေသူတို့ကို မိုင်းပန်း မြို့မရဲစခန်းက မယ(ပ)၁/၂ဝ၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024