အီတလီတွင် ငလျင်လှုပ်ခတ်ပြီး ဟိုတယ်ပေါ် နှင်းတောင်ပြိုကျ၊ လူ ၃၀ ခန့် သေဆုံး

အီတလီနိုင်ငံအလယ်ပိုင်းမှာ ဇန်န၀ါရီ ၁၈ ရက် ညက မြေငလျင်လှုပ်ပြီး ဟိုတယ်တခုပေါ် ဆီးနှင်းတောင်ပြိုကျခဲ့တာကြောင့် လူ ၃၀ လောက် သေဆုံးနိုင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။ ဆီးနှင်းတောင်မပြိုကျခင် ငလျင်တွေ လှုပ်ခတ်ခဲ့ပြီး အဲဒီအချိန်မှာ ဟိုတယ်ထဲမှာ လူ ၃၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ နှင်းမုန်တိုင်းတိုက်ခတ်ပြီး လမ်းတွေ ပိတ်ကုန်လို့ ကယ်ဆယ်ရေးအဖွဲ့တွေ အချိန်မီသွားရောက်ဖို့ အခက်အခဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဟိုတယ်ထဲမှာ အလည်လာတဲ့ခရီးသည် အနည်းဆုံး အယောက် ၂၀ နဲ့ ဟိုတယ်ဝန်ထမ်း ၇ ယောက်ရှိပြီး သူတို့တွေ သေဆုံးနိုင်ဖွယ်ရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်ကပြောဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လကလည်း အဲဒီဒေသမှာပဲ မြေငလျင်လှုပ်ခတ်ခဲ့လို့ လူ ၃၀၀ လောက်သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up