Home
မြန်မာသတင်း
အစိုးရနှင့် လွှတ်တော်အမတ်များ၏ စွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ အန်အယ်လ်ဒီဖွဲ့စည်း
DVB
·
January 19, 2017
အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစီစစ်ရေးအဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင် ၆ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းဝေးဆုံးဖြတ်ချက်အရ ဖွဲ့စည်းလိုက်တာဖြစ်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဝင်းထိန်က တာဝန်ယူမှာဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမျိုးညွန့်၊ ဦးတင်ထွဋ်ဦးနဲ့ ဒေါ်လဲ့လဲ့တို့ပါဝင်ကြပါတယ်။ လာမယ့် ဇန်နဝါရီ ၂၁ ရက်နေ့မှာလည်း မုံရွာမြို့၊ မြို့တော်ခန်းမမှာ ဦးဝင်းထိန်နဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်း၊ ခရိုင်မြို့နယ် အလုပ်မှုဆောင်တွေ၊ လူငယ်လုပ်ငန်းအဖွဲ့တွေနဲ့တွေ့ဆုံဖို့ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024