အစိုးရနှင့် လွှတ်တော်အမတ်များ၏ စွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ အန်အယ်လ်ဒီဖွဲ့စည်း
DVB
·
January 19, 2017
အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစီစစ်ရေးအဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင် ၆ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းဝေးဆုံးဖြတ်ချက်အရ ဖွဲ့စည်းလိုက်တာဖြစ်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဝင်းထိန်က တာဝန်ယူမှာဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမျိုးညွန့်၊ ဦးတင်ထွဋ်ဦးနဲ့ ဒေါ်လဲ့လဲ့တို့ပါဝင်ကြပါတယ်။
လာမယ့် ဇန်နဝါရီ ၂၁ ရက်နေ့မှာလည်း မုံရွာမြို့၊ မြို့တော်ခန်းမမှာ ဦးဝင်းထိန်နဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်း၊ ခရိုင်မြို့နယ် အလုပ်မှုဆောင်တွေ၊ လူငယ်လုပ်ငန်းအဖွဲ့တွေနဲ့တွေ့ဆုံဖို့ရှိပါတယ်။